Unicode
အပိုင်း (၁၂)
ရိုက်ကွင်း ပြီးဆုံးသွားပြီးနောက် ကျန်းကျယ်ဟန့် သည်ရိုက်ကွင်းမှထွက်လာပြီး ရှောင်ယွီ ကိုရှာဖွေ နေသည်။ သူ့ရင်ထဲမှရှုပ်ထွေးနေသောခံစားချက်များ ကို သူ က အခု အချိန်မှာတစ်ယောက်ယောက်ကို ရင်ဖွင့်ပြောကြားဖို့ လို နေသည်။
"ရှောင်ယွီ ... သူကဘာသဘောနဲ့ငါ့ကိုဒီလိုလုပ်ရတာလဲ ... "
ကျန်းကျယ်ဟန့် ကခေါင်းကိုမော့ကြည့်လိုက်ပြီး ရှောင်ယွီ ကိုစိတ်မသက်မသာနဲ့ရင်ဆိုင်လိုက်သည်။ အခုအချိန်မှာ သူ့နှလုံးသားက Roller Coaster ကိုစီးနေသလိုခံစားနေရသည်။
"သူ ..သူက ဘာလို့ငါ့ကိုနမ်းရတာလဲ၊ သူလဲ ငါ့ကိုချစ် နေတာ လား ၊ ချစ်နေတာဆိုရင်ရော ဘာလို့ ဝန်မခံရတာလဲ ၊ သူလုပ်တာနဲ့ ငါ ရူးတော့မယ်ထင်တယ်၊ ငါ အခု အသက် ၃၀ ပြည့် တော့မယ် ၊ ဒီလိုမျိုးတစ်ခါမှမခံစားဖူးဘူး "
ကျန်းကျယ်ဟန့် ပြောနေတာကိုနားထောင်ရင်း ရှောင်ယွီက သူ့ကို ရေတစ်ဗူး လှမ်း ပေးလိုက်ရင်း သူ့ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
"ရှောင်ကျယ် ... မင်းစိတ်အေးအေးထားနိုင်ဖို့အရင်ဆုံးရေနည်းနည်းသောက် ... "
ကျန်းကျယ်ဟန့် ရဲ့မကျေမနပ်အလိုမကျဖြစ်နေ သော အမူအရာကိုကြည့်ပြီး ရှောင်ယွီ ကသူတို့နှစ်ယောက်ရဲ့ အခြေအနေကိုကြားလူအနေဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သည်။
ကုန်းကျွင့် သည် လည်း ကျန်းကျယ်ဟန့် ကိုတကယ်ချစ်မိခြင်းဖြစ်နိုင်သည်။ ဒါပေမယ့်သူတို့ လျှောက်ရမယ့် ဒီကြမ်းတမ်းတဲ့ လမ်းရဲ့အခက်အခဲကိုစိတ်ကူးကြည့်ပြီး ကုန်းကျွင့် တုန်လှုပ်ပြီး နောက်ဆုတ် သွားတာလည်း ဖြစ်နိုင်သည် ၊ လူတိုင်းက ကျန်းကျယ်ဟန့် လိုမျိုး သူ့တို့ရဲ့နှလုံးသားခံစားချက် ကို ရိုးသားစွာရင်ဆိုင်နိုင်မည်မဟုတ်၊ သူခန့်မှန်းထားတဲ့အတိုင်းဆိုရင် ကျန်းကျယ်ဟန့် က အရမ်းနာကျင်ခံစားရလိမ့်မယ် ...
ရှောင်ယွီ သည် ကျန်းကျယ်ဟန့် အားသူ၏အတွေးအမြင်များကိုချက်ချင်း မပြောပြပဲ ကုန်းကျွင့် အားခဏလောက်အချိန်ပေးသင့် ကြောင်းသာ ပြောခဲ့သည်။
VOCÊ ESTÁ LENDO
Uncontrollable Love (Completed)
Fanficကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...