Unicode version
.
.
.Honey & Mommy
အပိုင်း (၉)
"မှိုဥ....သံပုရာရည်ဖျော်ထားတာရပြီ။"
.
.
ပြန်ထူးသံမကြားတာကြောင့် သူမရှိမဲ့ အခန်းထဲဝင်ကြည့်လိုက်သည်။သူမသည် ရှိမနေ...
"ဘယ်ရောက်သွားတာ "
"ငါ့ကို လိုက်ရှာနေတာလား "
ထိုအသံနှင့်အတူ အနောက်ကနေ
နိုရာ့ပုခုံးပေါ် သူ့မေးစေ့တင်ရင်း
တိုးတိုးလေး မေးလာလေ၏။"ခေါင်းက ကိုက်နေသေးလား"
"သက်သာသွားပြီ နင်ပေးတဲ့ဆေးသောက်လိုက်တယ်လေ"
"သံပုရာရည်ဖျော်ထားပြီ စားပွဲပေါ်မှာ "
ထိုစကားကိုပြောရင်း သူ့ဘက်လှည့်လိုက်တော့
သူကနေရာမရွေ့ပဲ နိုရာ့ကို တခါတည်းဖက်ထားလေတော့၏။"နင် ....အခုတလော ဘယ်လိုဖြစ်နေတာလဲ..."
"ဘာမှမဖြစ်ဘူး ဘာဖြစ်ရမှာလဲ"
"ဘာမှမဖြစ်ရင်လဲ ဖယ်စမ်းဟာ "
ထို့သို့ပြောပြီး မိမိကို လာဖက်ထားတဲ့သူမရဲ့
လက်တွေကို ဖယ်လိုက်ကာ
မော့ကြည့်လိုက်သည်။"နင်ကလဲနော် အခုတလော ရှောင်ဖယ်ရှောင်ဖယ်နဲ့"
"မဟုတ်ပါဘူး "
"ဘာမဟုတ်ရမှာလဲ....ဒါနဲ့ ငါ ပြောပြစရာရှိတယ်
ခုနကမှ သူတို့နဲ့ phပြောပြီးတာ။""အင်း ပြော...ဘာလဲ "
"ချန်းကိုအောင်စာရင်းထွက်ပြီးလောက်ဖြစ်မယ်
ငါတို့ မိသားစု ရန်ကုန်ပြောင်းတော့မယ် ""ဘယ်လို ...ရုတ်တရက်ကြီးပါလား"
"ငါ့ ယောက္ခမတွေက ရန်ကုန်က သူတို့အိမ်ကိုပြောင်းခိုင်းတာ
အဲ့မှာ သူတို့မိသားစု လုပ်ငန်းလက်ခွဲလေးရှိတယ်လေ။
ချန်းကိုတို့အဖေကို အဲ့လုပ်ငန်းဦးစီးခိုင်းမဲ့သဘောပေါ့။
အရက်လဲ အရင်လိုမသောက်တော့အောင် ငါတို့
အဲ့မှာသွားနေကြမလို့ ""ကောင်းတာပေါ့....ဒါပေမဲ့ အဆင်ပြေပါ့မလား "
"ကြိုးစားကြည့်ရမှာပေါ့"
YOU ARE READING
Honey နဲ့ Mommy
Romanceဒါကတော့ ကိုယ် ပထမဆုံးရေးဖူးတဲ့ Myanmar girl loveလေး ပေါ့။ အားလုံးပဲကြိုက်ကြပါစေ လို့မျှော်လင့်ရင်း...