သက်ဆိုင်သူရဲ့ ပိုင်ဆိုင်မှု

274 20 4
                                    

One shot...(Unicode)

(၁)....

" လမ်းခွဲ့ကြစို့ " ဆိုတဲ့စကားနောက်မှာ
ပြီးပြတ်သွားတဲ့ ဆက်ဆံရေးတစ်ခု ။
ကျောခိုင်းသွားတဲ့ လူသားနှစ်ယောက်ရဲ့ ရင်ကအပူကို ဘယ်သူသိပါလိမ့်မလဲ။
သူတိူ့နှစ်ယောက်ရဲ့ဝမ်းနည်းမှု၊ ကြေကွဲနေမှုက
မိုးနတ်မင်းထံပါကူးစက်သွားဟန်ရသည်။
ထိုဆောင်းညကသည်းထန်စွာရွာသွန်းခဲ့တဲ့မိုးတို့သည် ရင်ကိုမအေးစေနိုင်ခဲ့ပါ။

သိပ်ချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦး။
၃နှစ်ကြာတည်ဆောက်ခဲ့တဲ့ သံယောဇဥ်အပြည့်နဲ့
နှောင်ကြိုးကပြတ်တောက်သွားခဲ့ပြီ။
ဒါတွေအတွက်ဘယ်သူ့မှာတာဝန်ရှိသလဲ။
သေချာတာကတော့ကောင်လေးနှစ်ယောက်လုံး နာကျင်နေမှာအမှန်။ သိပ်ချစ်ခဲ့ကြတာမလား။
ရင်နှင့်အောင်ထိချစ်ခဲ့တော့ ရင်တွေကွဲကြေတဲ့ထိ
နာကျင်ကြမယ်မလား။

ဝမ်ရိပေါ်အတွက်ရှောင်ကျန့်ဟာရင်အေးစေတဲ့အပြုံးပိုင်ရှင်နဲ့ အဲ့အပြုံးနဲ့ပင်သူ့နှလုံးသားကိုအရယူသွားသူ
ဆိုလျှင် ရှောင်ကျန့်အတွက် ဝမ်ရိပေါ်ဟာ
ခပ်ငယ်ငယ်ချာတိတ်တစ်ယောက်။ သူ့ကို ချစ်ရေးဆိုကာသူ့ဘဝထဲဝင်လာပြီးသူ့ကို စွဲလမ်းစေလာသူ။

ဘယ်တွေများမှားယွင်းသွားကြပါလဲ။
အတွေးများဟာ အတိတ်ဆီသို့...

(၂) ....

" ဝမ်ရိပေါ် ဒီနေ့မင်းနဲ့ငါစာရင်းရှင်းကြမယ်။ "

"ဟက် အပိုစကားတွေနားထား။ လာမှာဖြင့်လာကြ
စမ်းပါ။"

ကျောင်းသားအုပ်စုနှစ်စုရဲ့ရန်ပွဲဟာမိုးရွာနေတဲ့
လမ်းကြားထဲမှာ ။ ဝမ်ရိပေါ်တစ်ယောက် တစ်ဖက်လူ ကိုမထနိုင်သည်အထိရိုက်နှိုက်ပြီးနောက် လမ်းကြားထဲမှထွက်လာခဲ့သည်။ နောက်က အနည်းဆုံး၁လလောက်တော့ဆန်ပြုတ်သာသောက်ရင်းနေရတော့မည့်ကောင်တော့လှည့်တောင်မကြည့်တော့ပေ။ ထို့နောက်သွေးထွက်နေသည့်အတိုင်း
၂၄နာရီဖွင့်သည့် convenient store သို့ဝင်ကာ
ဘီယာတစ်ဘူးဝင်ဝယ်ရာတွင် လူတစ်ယောက်နှင့်
တိုက်မိသွားခဲ့သည်။
" ဆောရီး " ထိုလူအားသေချာမကြည့်လိုက်ပဲ တောင်းပန်စကားဆိုကာပိုက်ဆံရှင်းကာဆိုင်ထဲမှထွက်လာခဲ့သည်။ လက်ကဒဏ်ရာမှဆေးများထွက်နေသော်ငြား အမြဲပစ်ထားသလိုပေမသိချင်ယောင်သာဆောင်ထားသည်။
သူ့ရှေ့တွင်မတ်တပ်ရပ်လာသောသူ။ ဝမ်ရိပေါ် ခေါင်းမော့ကြည့်လိုက်ရာ တစ်လောကလုံး ရပ်တံ့ သွားမတတ်။ ဂျူတီကုတ်အဖြူနဲ့နတ်သားသဖွယ်။
မတ်တပ်ရပ်လိုက်ကာ " ဘာကိစ္စလဲ။ "
အပြင်တွင်တည်ငြိမ်စွာခပ်တည်တည်ဆိုလိုက်သော်ငြား တကယ်တော့သူ့စိတ်တွေတည်ငြိမ်ခြင်းရှိမနေခဲ့။ မတိတပ်ရပ်လိုက်ရာတွင်သူ့ထက်ပင်ရှည်နေ
သည့်အရပ်နှင့်ချောမောလှသူ။ ခပ်ရဲရဲနှုတ်ခမ်းသား မှာသူ့ကိုအသက်ရှူပင်မှားစေသည်။

သက်ဆိုင်သူရဲ့ ပိုင်ဆိုင်မှု ( One Shot)Where stories live. Discover now