အခန်း ၁၂
နောင်တ"ဝေဝေ.. ငါ့ကိုဘာလို့ ဘာမှ မမေးတာလဲဟင်"
ကော်ဖီဆိုင်၏ ထောင့်စွန်းစွန်းက ဝိုင်းတစ်ခုတွင် အတူထိုင်နေသော သူငယ်ချင်း ဝေဝေအား နုငယ် စကားစလိုက်သည်။ ဝေဝေက စားပွဲပေါ်မှ အငွေ့တထောင်းထောင်းထနေသော ကော်ဖီအား တဟူးဟူး မှုတ်လိုက်ရင်းဖြင့် ပြန်ဖြေ၏။
"ဘာကိုလဲ...နင့်ဆရာမ အကြောင်းလား"
"အင်း.. နင်သိချင်နေတယ် မဟုတ်လား"
"ငါတို့နှစ်ယောက် အခန်းထဲမှာ နင့်ဆရာမ ပန်းချီပုံတွေနဲ့ ပြည့်နေတာပဲလေ.. ငါမေးစရာလိုသေးလို့လား"
"...."
"ဟုတ်တယ်လေ ငါနင်နဲ့ နှစ်တွေအကြာကြီး ပေါင်းလာတာပဲ... နင်မပြောလဲ ငါသိပါတယ် နင်ပုံစံက အမြဲလွမ်းနာကျနေသလိုမျိုးမို့ အစဖော်လို့မသင့်တော်ဘူးထင်လို့ မမေးခဲ့တာ"
"ထူးဆန်းနေသလားဟင် ငါဆရာမကို အဲလိုစွဲလမ်းနေတယ်ဆိုတာ"
"ငါက ထူးဆန်းနေတယ်လို့ပြောရင်ရော နင်က ရပ်လိုက်မှာလား"
ပတ်ဝန်းကျင်တွင် လူခြေတိတ်ကာ မိုးသံတစ်ဖြောက်ဖြောက်ကိုသာ ကြားနေရသည်။ မိုးစက်ပေါက်များက ဖန်ဆင်းသော သဘာဝ၏ ဂီတသံနှင့်အတူ နုငယ်ရဲ့ နှလုံးသားလေးကလည်း အတူလိုက်ပါ စီးမျောနေသည်ထင်၏။ ခေတ္တငြိမ်သက်သွားပြီးမှ နုငယ် အေးအေးဆေးဆေး ပြန်ဖြေလာသည်။
"မရပ်ဘူး... ဘယ်တော့မှ မရပ်တန့်ဘူး"
နုငယ် အဖြေကိုကြားတော့ ဝေဝေက ပြုံးသည်။ မပိုင်ဆိုင်ရသည့် ချစ်ရသူအပေါ်၌ပင် သစ္စာတရားကြီးမားလှသော သူငယ်ချင်းအတွက် လေးစားဂုဏ်ယူမိသည့်အလား.. သဘောတကျ ပြုံးနေလေသည်။
"နင် တစ်ခေါက်လောက်တော့ သွားတွေ့သင့်တယ် မထင်ဘူးလား နုငယ်"
"ငါ... သူ့ကိုရင်မဆိုင်ရဲဘူး"
"ဘာလို့လဲဟာ..."
"ငါ့ကိုယ်ငါ မယုံလို့ပါ.. သူနဲ့ထပ်ပြီး မျက်နှာချင်းဆိုင်မိရင် နောက်တစ်ခါ လက်လွှတ်ပေးဖို့ မလုပ်နိုင်လောက်တော့ဘူးထင်တယ်"
YOU ARE READING
နုငယ်ရဲ့ဆရာမ သို့မဟုတ် ဆရာမရဲ့နုငယ်(Completed)
Lãng mạnGL- fiction (Unicode+ Zawgyi) About a student and a teacher ~ No matter what we are or who we are , we all deserve to love or to be loved <3