ဝေ့ရင်းစိတ်တွေ မွန်းကြပ်နေသလိုခံစားနေရတယ် ။ လန်ကျန့်သာ သူ့ရဲ့ လက်တွဲဖော်မဟုတ်ခဲ့ရင် ဘယ်လိုလုပ်ရပါ့မလဲ ။
အခုချက်ချင်းပြေးတွေ့ချင်ပေမယ့် ပါးကိုပါ တစ်ခါတည်းခေါ်သွားမှဖြစ်မှာမို့ သူစိတ့်ကိုထိန်းပြီး ပါးကိုသာစောင့်နေလိုက်တော့တယ် ။ခဏကြာတော့ အစည်းအဝေးပြီးသွားပြီထင်တယ် ပါးက သူ့ဆီကိုရောက်လာတယ် ။
" ပါး "
" အားရှန်၊ ဘာသိချင်လို့လဲ "
" သားရဲ့ လက်တွဲဖော်ဆိုတာကို ဘယ်လိုသိနိုင်မလဲ "
" သူအနားမှာ ရှိရင် သားရဲ့နှလုံးခုန်နှုန်းတွေမြန်လာမယ် ၊ သူနဲ့အကြည်ချင်းဆုံမိရင် သားရဲ့ကမ္ဘာကြီးရပ်တန့်သွားသလို ခံစားရလိမ့်မယ် ၊ ပြီးရင် ခန္ဓာကိုယ်ကပူလာသလိုလိုခံစားရလိမ့်မယ် ၊ နောက်တစ်ခုက သူ့ရင်ဘက်မှာလဲ သားလိုအမှတ်အသား အတူတူရှိလိမ့်မယ် "
" okay, ပါး...မနက်ဖြန်ကျွန်တော်တို့ ကျန်းဂိုဏ်းဆီပြန်ရအောင် ၊ ကျွန် တော် ဦးလေးကျန်းနဲ့ မဒမ်ကျန်းကိုအကြောင်းကြားပြီးပြီ "
" မင်းမား ဆန္ဒသာမဟုတ်ရင် ပါးကဒီမှာပဲနေခဲ့ချင်တာ "
" မားမှာခဲ့တာ ပါးကောင်းဖို့အတွက်ပါ "
" ဒါဆို ပါးလူတွေကရော ၊ ပါးကလုံခြုံတဲ့နေရာရောက်နေပြီပဲထား ၊ ဂိုဏ်းနဲ့ပက်သက်တာ တစ်ခုခုဖြစ်လာရင် ဒီက ပါးလူတွေကပဲ အရင်ဒုက္ခရောက်မှာ ၊ သူတို့က ပါးကို သူရဲဘောကြောင်တဲ့သူလို့ ထင်သွားလိမ့်မယ် "
" ပါးစိတ်မပူပါနဲ့ ၊ ကျွန်တော်လဲရှိနေမှာပါ ၊ ကျွန်တော် ပြန်လာကြည့်ပေးမယ် "နောက်နေ့မနက်ရောက်တော့ ဝေ့ရင်းနဲ့ ဝေ့ပါးလဲ အထုတ်တွေသိမ်းဆည်းပြီးနောက် ဂိုဏ်းကလူတွေကိုလိုက်နှုတ်ဆက်နေတော့တယ် ။
" အားလုံး ဂရုစိုက်ကြပါ ငါပြန်လာတဲ့အခါကျရင် ငါ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုဆိုနေကြမယ်လို့မျှော်လင့်ပါတယ် "
" သခင်ကြီးရော သခင်လေးရော အစစအရာရာ ဂရုစိုက်ပါ ၊ ကျွန်တော်တို့ ဒီနေရာမှာပဲ သစ္စာရှိစွာ စောင့်နေပါ့မယ် "အားလုံးကိုနှုတ်ဆက်ပြီးတဲ့ နောက်မှာ ဝေ့ရင်းနဲ့ ပါးလဲ ခရီးထွက်လာကြ တော့တယ် ။
အတန်ကြာတဲ့အခါ တော်တော်လေးစည်းကားတဲ့ မြို့တစ်မြို့ကိုရောက်လာခဲ့ကြ တော့တယ် ။မြို့အဝင်ဝမှာရေးထားတဲ့ မြို့နာမည်က ယွင်မုန့်တဲ့ ။
YOU ARE READING
I am your ALPHA and you are my OMEGA
Fanfiction" yibo. အခုရောအနာဂတ်မှာရော မင်းကငါ့ရဲ့တစ်ဦးတည်းသော omega လေးဖြစ်ပေးမယ်လို့ကတိပေးနိုင်မလား " " မင်းငါ့ကိုလိမ်တယ် yibo ငါတို့ရဲ့ကတိကိုမင်းဖျက်တယ် ငါမင်းကိုမုန်းတယ် yibo " zhanyi fan fiction Transalation