"Until we meet again" Unicode

340 55 8
                                    

" ထွက်သွား! "

" မင်း! သတိထား! "

" ဒုန်း!! "

ညနက်တွေထဲမှာ သူ့ကို ထိတ်လန့်စေတဲ့ မျက်ဝန်းတွေက အမြဲတမ်းထပ်တူပဲ၊ မိုးခြိမ်းတဲ့ ညတွေမှာ အိမ်မက်ဆိုးတွေ မက်လေ့ရှိတယ်၊ အထက်တန်းကျောင်းသားကောင်လေးက အခန်းထောင့်လေးမှာ တအိအိငိုနေတယ်၊ သူ့အနားမှာ ပျက်စီးကွဲကြေနေတဲ့ သူငယ်ချင်းနှစ်ယောက် ဓာတ်ပုံလေးရှိတယ်၊ အဲ့ဲဒီ့အဖြစ်အပျက်တွေက ဘယ်တော့မှ မရပ်တန့်ပဲ ထပ်တလဲလဲ ရစ်ပတ်နေတယ်၊

မောဟိုက်တယ်..

ပင်ပန်းတယ်..

ပြီးတော့ ..
အထီးကျန်တယ်..။

ဒီလိုခံစားချက်မျိုးက ဘယ်အချိန်ကတည်းက စတင်ပြီး ဟိုးစိတ်နှလုံးသား အနက်ရှိုင်းဆုံးထိ ခံစားခဲ့ရမှန်း အတိအကျမသိတာတော့အမှန်ပဲ၊ နေ့ရက်တိုင်းမှာ ငါ ဘာလို့များ ရှင်သန်နေခဲ့တာလဲဆိုတဲ့ မေးခွန်းက အမြဲတမ်း အဖြေမရှိခဲ့ဘူး၊ ကူညီပါလို့ တကြွေးကြွေးတကြော်ကြော် မြည်တမ်းနေခဲ့လည်း သတိထားမိတဲ့လူ ဂရုပြုမိတဲ့လူဆိုတာ တစ်ဦးတစ်ယောက်လေးတောင် မရှိပဲ ဒီအတိုင်း ထိုးနှက်ချက်တွေကို ခေါင်းငုံ့ခံရင်း ထပ်တလဲလဲ ရှင်လျက်နဲ့ သေရတယ်၊ အင်း.. ဟုတ်ပါရဲ့၊ အဲ့ဒါက ငါ့ရဲ့ ပုံမှန် နေ့ရက်တွေပါပဲ။

"အသက်ရှင်ခွင့်ပေးပါ! "

" ကယ်ကြပါ! "

ဒီတစ်ခေါက် အိမ်မက်က နိုးထလာတဲ့အခြေအနေကတော့ ကွဲပြားနေခဲ့တယ်၊ ခါတိုင်းလို့ မှိုင်းညို့နေတဲ့ မျက်နှာကျက်ကို မြင်နေရတာမျိုးမဟုတ်တော့တာ အမှန်ပဲ၊ တစာစာအော်နေတဲ့ အသံတွေကြားကနေ ဆတ်ခနဲ လှုပ်ရှားလာတဲ့ သူ့ရဲ့ လက်ချောင်းရှည်ရှည်လေးတွေက သွေးစက်တွေကြောင့် နီမြန်းတောက်ပလို့နေတယ်၊ တင်းကြပ်စွာလှိုက်ခုန်နေတဲ့ ရင်ဘတ်ကို ဖိလိုက်မိတဲ့ အချိန်မှာ သူ့ခန္ဓာကိုယ် အနှံ့အပြားက ဆိုးဆိုးဝါးဝါးနာကျင်နေခဲ့တာ သတိထားမိပြီး တိုးတိုးလေး ညည်းတွားမိလိုက်တယ်၊ မျက်လုံးအစုံကို ဖွင့်ဟလို့ ဘေးဘီဝဲယာကိုကြည့်ခဲ့ပေမဲ့လည်း အမှောင်ထုကလွဲရင် တခြား ဘာဆိုဘာကိုမှ မထိထွေ့မိလို့ သိပ်ကို ခက်တာပါပဲ။

" Until We Meet Again " One shotWhere stories live. Discover now