23(U/Z)

397 30 0
                                    

Unicode

  ထမင်းစားခန်းထဲက လေထုက တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။

ထမင်းပန်းကန်ထဲခေါင်းဝင်မတတ်ငုံ့ပြီး ထမင်းချည်းဖိစားနေသည့် ရှောင်းကျန့်
ကြောင့် ရိပေါ် ဟင်းတစ်ချို့ကိုတူဖြင့်ညှပ်ယူပြီး ရှောင်းကျန့်ပန်းကန်ထဲထည့်ပေးလိုက်သည်။

ရှောင်းကျန့် သူ့ပန်းကန်ထဲရောက်လာသည့် ဟင်းတစ်ချို့ကြောင့်.....

"ရတယ်...ငါ့ဘာသာပဲထည့်စားလိုက်မယ်..."

စကားသံသာကြားရပြီး
မျက်နှာကမော့ကိုမလာသည့်ရှောင်းကျန့်ကြောင့်....

"ရှောင်းကျန့်....မင်းဘာဖြစ်နေတာလဲ...ညက ငါမင်းကိုချစ်တယ်လို့ပြောလိုက်လို့ စိတ်ဆိုးနေတာလား..."

ဝမ်ရိပေါ်အသံကြောင့် ရှောင်းကျန့်မျက်လုံးပြူးကာ....

"မင်းရူးနေပြီလား..အသံတိုးတိုးနဲ့ပြောစမ်းပါ..တစ်ခြားသူတွေကြားသွားတော့မှာပဲ.."

အခုခါမှ ခေါင်းမော့လာပြီး ဟိုကြည့်ဒီကြည့်ဖြင့် တစ်ခြားသူကြားသွားမှာစိုးရိမ်နေသည့် ရှောင်းကျန့်ကြောင့်....ဝမ်ရိပေါ်လည်း
စိုးရိမ်စိတ်များနေသည့် မျက်ဝန်းတစ်စုံ၏လှုပ်ရှားမှုတိုင်းကို လိုက်ငေးကြည့်ရင်း....

"လိုက်ရှာမနေနဲ့ ဘယ်သူမှမရှိဘူး..."

ရှောင်းကျန့်လည်း ထိုအခါမှ သက်ပြင်းကောင်းကောင်းချနိုင်ပြီး....

"ဒီလိုနည်းနဲ့မစနဲ့ ငါမကြိုက်ဘူး...ဝမ်ရိပေါ်.."

"ငါမင်းကို ပြောခဲ့တဲ့စကားတိုင်းက
အလေးအနက်ထားပြီးပြောခဲ့တာချည်းပဲ
ရှောင်းကျန့်...စတာနောက်တာမျိုးကို ငါဝါသနာမပါဘူး...။
အဲ့ဒီတော့ မင်းငါ့ကိုဘယ်အချိန်အဖြေပြန်ပေးမှာလဲ..."

"တစ်ပတ်...အဲ့ဒါကတော့ အချိန်နည်းလွန်းမယ်ထင်တယ်..."
"တစ်လဆိုရင်ရော..အဲ့ဒါကျတော့လည်း
ငါ့အတွက်အချိန်ကြာလွန်းတယ်..."

"ဒီလိုလုပ်ရင်ကော...ငါ့မွေးနေ့ကျရင် အဖြေပေးပေါ့...မွေးနေ့လက်ဆောင်အနေနဲ့ ဘယ်လိုလဲ..."

"မင်းသဘောတူတယ်မလား..အဲ့ဒီအတိုင်းပဲ ငါသတ်မှတ်လိုက်ပြီနော်..."
.
.

 I really need you(Completed)Место, где живут истории. Откройте их для себя