For Unicode
Seok jin သူ့မွေးနေ့အတွက် ရထားတဲ့ လက်ဆောင်လေးတွေကို အရမ်းသဘောကျနေမိပါသည်။ဒါ့ကြောင့်လည်း မွေးနေ့ပြီး နောက်တစ်ရက်မှာပဲ အန်တီ့ဆီကရထားတဲ့ သိုးမွှေးအင်္ကျီပန်းရောင်ဗြောင်လေးနဲ့ မိဘတွေဆီကနာရီရွှေရောင်လေးကိုဝတ်ကာ မှန်ရှေ့မှာ ဟိုကြည့်ဒီကြည့်ကြည့်နေမိသည်။အသစ်တွေဝတ်ထားတဲ့ ကိုယ့်ကိုယ်ကို မှန်ထဲမှာမြင်ရတာ တဖိတ်ဖိတ်တောက်ပနေသလိုပဲလို့တောင်ခံစားရပါသည်။
အို သဘောကျလိုက်တာကို ပြောမနေပါနဲ့တော့။
မနေ့က Taeမေမေလေးပြောခဲ့တာက Taeမွေးနေ့အတွက်လည်း ကျွန်တော်နဲ့ဆင်တူ ဆွယ်တာလေးတစ်ထည်ကို သူထိုးနေပါသည်တဲ့။ဒီလိုဆို သူနဲ့ကျွန်တော်က ဆင်တူဝတ်လို့ရတော့မှာပေါ့။တူတူမတူတူ ကိုယ်ကတော့coupleလို့သတ်မှတ်မှာပဲ။အနည်းဆုံးတော့ စိတ်ချမ်းသာရတာပေါ့။
Tae hyungအတွက် အင်္ကျီက အခုထိရမလာသေးတာတောင် coupleဝတ်ရတော့မယ်ဆိုပြီး ကြိတ်ပျော်နေတဲ့ Seok jinပါပေ။
အကြည့်တွေကမှန်ပေါ်မှတဆင့် နံရံပေါ်ကပန်းချီကားဆီသို့ရောက်ရှိသွားတော့ ရင်အစုံဟာ မငြိမ်သက်နိုင်တော့ပဲ တုန်ခါလှုပ်ရှားရပါသည်။ပန်းချီကားအတွင်းမှ သူနဲ့ကျွန်တော့်ရဲ့ပုံရိပ်က ကျွန်တော့်ရဲ့စိတ်အစဉ်ကို ကြည်နူးပျော်ရွှင်စေပါသည်။
သို့သော် အပြင်လောကမှာတော့ ငေးမောရတဲ့လူက ကျွန်တော်ဖြစ်ပြီး ငေးကြည့်ခံရတာကတော့ သူသာဖြစ်လောက်မည်။
သူ့မျက်ဝန်းတွေမှတဆင့် ကြင်နာမှုအချို့ကို သတိထားမိပေမဲ့ အရာအားလုံးကိုတစ်ထစ်ချမယုံကြည်ရဲပါ။ထို့ကြောင့် သူသည်လည်း ကျွန်တော့်နည်းတူ ကျွန်တော့်ကိုချစ်နေစေချင်ပါသည်။သို့သော် သူကျွန်တော့်ကိုချစ်နေပါသည်လို့တော့ မယုံကြည်ရဲသေးပါ။
ဒီတော့ သေချာသည်ကတော့ ချစ်နေတဲ့ကျွန်တော်က ငေးကြည့်ရတဲ့လူသာဖြစ်နေနိုင်သည် ဆိုတာပါပဲ။ပြတင်းပေါက်ဘောင်လေးမှာ နေရာချကာ စိုက်ပျိုးထားတဲ့ နေကြာပင်ပေါက်လေးကတော့ ဖွံ့ဖြိုးဆဲအနေအထားနှင့်။စိတ်ကူးကောင်းပြီး လေးနက်တဲ့အဓိပ္ပာယ်တွေပါဝင်နေတဲ့ လက်ဆောင်တွေအတွက် Tae ကို ပိုပိုပြီး အထင်ကြီးမိပါသည်။Taeသည် လူကအေးစက်သလောက် စိတ်ဓါတ်ကလေးကတော့ အလွန်ကိုနွေးထွေးလွန်းပါသည်။
Yoon Jiပြောခဲ့သလို ဒါကကျွန်တော့်အတွက်သီးသန့်ဖြစ်တည်မှုတစ်ခုဆိုရင်တော့ ပိုပျော်မိမှာပေါ့....အတ္တကြီးတယ်ပြောရင်လည်းလက်ခံပါ့မယ်။ဒါဟာ သူ့ကိုချစ်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ အတ္တတွေသာ။
Taeအနားမှာတူတူရှိနေပေးရင်း ကျွန်တော်ပါ Taeခံယူချက်တွေကူးစက်လာတာလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ဒါကိုဘယ်လိုပြောရမလဲ....အသွင်တူလို့အိမ်သူဖြစ်တယ်လို့ပဲဆိုရမလား။
YOU ARE READING
ငယ်ချစ်ပုံပြင်(ငယ္ခ်စ္ပုံျပင္)(Completed)