016

6.1K 367 61
                                    

“ကိုယ်ပြောတဲ့ product ကိုခုထိလက်မခံသေးဘူးဟုတ်!”

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

“ကိုယ်ပြောတဲ့ product ကိုခုထိလက်မခံသေးဘူးဟုတ်!”

ရိပေါ်ရဲ့ရုံးခန်းထဲမှာ အကိုယန်ကရောက်နေတာဖြစ်သည်။အရင်က တပတ်ကိုလေး ၊ငါးကြိမ်လာတတ်တဲ့ ဥက္ကဌယန်က ရှောင်းနဲ့ရိပေါ်လက်ထပ်ပြီးသိသိသာသာအလာကျဲသွားသည်။ဒါကလည်း ရိပေါ်အတွက်ကောင်းပါသည်။အရင်တခါ ကားပေါ်ကအတင်းဆင်းခိုင်းပြီးထဲက အကိုယန်ကရှောင်းသဘောထားကိုရိပ်မိနေပုံရသည်။ဒါက ရှောင်းအတွက်တော့ သ၀န်တိုခြင်းလို့အမည်မတပ်နိုင်တဲ့ ရိပေါ်ကိုသူ့အပိုင်ဖြစ်ကြောင်းသိသိသာသာချုပ်ချယ်ပြစ်လိုက်တာဖြစ်၏။

“ ဒီကိစ္စကိုကျွန်တော်ရှောင်းကိုသေချာလေးပြောပြထားပါတယ်။ သူလက်ခံတာနဲ့ အိန္ဒိယက စက်ရုံကိုတန်းထုတ်ခိုင်းမှာပါ။ အချိန်နည်းနည်းလောက်ထပ်စောင့်ပါအုံး အကိုယန်ရယ်။ရှောင်းလက်ခံမယ်ဆိုတာကျွန်တော်လုံး၀အာမခံပါတယ်”

Buyer ကိုယ်တိုင်ကလိုလိုချင်ချင်ဖြစ်နေသည့်အဖြစ်ကိုရှောင်းကဘာတွေများ လက်မခံနိုင်ဖြစ်နေရသည်မသိ။
ဒီကိစ္စကိုသူပြောတိုင်း အကြောင်းပြချက်မပေးဘဲ ရပ်ဆိုင်းပြစ်တာဖြစ်သည်။ ရှောင်းလက်ခံမယ်လို့တော့သူထင်ပေမယ့် ရှောင်းဆီကတရား၀င်ဆုံးဖြတ်ချက်မပေးမချင်းဘာမှလုပ်မရတာဖြစ်သည်။
ဒီကိစ္စနဲ့ပက်သက်ပြီးသေသေချာချာလေးထပ်ဆွေးနွေးဖို့လိုပြန်ပြီ။

“ ကိုယ်လည်း  Mr.Xiao လက်ခံမယ့်လို့ထင်ပေမယ့် သူကအခုထိမဆုံးဖြတ်ရသေးဘူးဆိုတော့ နည်းနည်းတော့ စိတ်ပူမိတယ်ကွာ။အရင်Boss Xiao တုန်းကဆို  Simple တောင် တစ်စီးစာလောက်ထွက်လောက်ပြီဟုတ်!ကိုယ်ပြောတာလည်း နှစ်လနီးပါးဖြစ်နေပြီမဟုတ်လား။ တဖက်ကလည်း ကိုယ့်ရဲ့ Customerတွေကို ဒီပစ္စည်း‌တွေနဲ့ မိတ်ဆက်ပေးချင်ပြီ။ကိုယ်စဉ်းစားကြည့်ရသလောက် ဘာမှအဆင်မပြေစရာမရှိလောက်ဘူးထင်တယ်။ ရိပေါ်အနေနဲ့ မစ္စတာရှောင်းကို မြန်မြန်လေးဆုံးဖြတ်ပေးနိုင်အောင်လုပ်ပေးနိုင်မလား?ဒါမှမဟုတ် ကိုယ် ရှောင်းနဲ့စကားပြောကြည့်ရမလား ?”

One Step To You___{Completed}Where stories live. Discover now