Uni
=====
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၆၉
(ရင်းနှီးနေသလိုပဲ)"ဟင်း...ဟင်းပွဲဖြစ်သွားပြီလား..."
ခြောက်မြှီးမြေခွေးလေး၏ ဦးခေါင်းသေးသေးလေးမှာ တွေဝေသွားဟန်ရပြီး မျက်လုံးများမှာ ပေကလပ် ပေကလပ် ဖြစ်သွားသည်။ငွေလနတ်ဆိုးဘုရင်မှာ မနေ့ညကလေးတင် မောက်မာပြီး ကြမ်းကြုတ်နေသေးသည်။ သို့သော် မနက်ဖန်တွင်တော့ သူက ဟင်းပွဲ ဖြစ်သွားခဲ့လေပြီလော....ဒါ့အပြင် သူက အပိုင်းပိုင်း အစစ ဖြတ်ခံရဦးမည်ဖြစ်သည်။
ရှူး.....
သူမ အသက်ပြင်း တစ်ရှိုက် ရှူသွင်းမိလိုက်သည်။ ဤကမ္ဘာကြီးက အလွန်အမင်း အန္တရာယ်များလှ၏။
ခြောက်မြှီး မြေခွေးလေးမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေလေသည်။
"ဟင်"
တ့ကျီမှာ ခြောက်မြှီးလေး၏ အမြှီးများအား ကြည့်မိလိုက်ကာ အံ့အားသင့်စွာဖြင့် ရေရွတ်လာသည်။
"မင်းက ခုနစ်ခုမြောက် အမြှီးကိုတောင် မကြာခင် ပေါက်တော့မှာလား.... အဲ့ဒီပန်းသီးက သေချာပေါက် မင်းအတွက် အကျိုးဖြစ်မယ်ဆိုတာ ငါသိသားပဲ"
ခြောက်မြှီးမြေခွေးလေး ဝမ်းသာစွာပြုံးလိုက်သည်။
"ဟီး ဟီး ... ကျွန်မ အမကို မကြာခင်မှာ မှီလာတော့မှာပါနော်"တ့ကျီက ခေတ္တစဉ်းစားပြီးနောက် ပြောလာသည်။
"ငွေလနတ်ဆိုးဘုရင် သေသွားပြီဆိုမှတော့ တောထဲမှာ လုံးဝကို အထိန်းကွပ်မဲ့နေမှာပဲ... ဘာကြောင့်မို့ မင်း နောက်လာမယ့် နတ်ဆိုးဘုရင်ဖြစ်အောင် မလုပ်ရမှာလဲ...."မကောင်းဆိုးဝါးများ၏ အော်မြည်ဟစ်ကျွေးသံများက ပဲ့တင်ထပ်နေကာ သူမ ဆရာသခင်၏ အိပ်စက်မှုကို အနှောက်ယှက် ဖြစ်စေသည်။ သူမ ထိုပြသနာအား ဖြေရှင်းရပေမည်။ သူမညီမလေးသာ နတ်ဆိုးဘုရင် ဖြစ်လာမည်ဆိုပါက သူမဆရာ အတွက်လည်း အကျိုးရှိမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမ၏ ဆရာသခင်အား သာမန်ဘဝ၌ ငြိမ်းငြိမ်းချမ်းချမ်းသာ နေထိုင်စေပေမည်။
၎င်းမှာ အရှုံး မရှိသည့်အခြေအနေပင် ။
တ့ကျီ ၏ မျက်လုံးများမှာ လင်းလက်နေသည်။ သို့သော်လည်းပဲ ခြောက်မြှီးမြေခွေးလေး၏ အပြုံးမှာ ပျောက်ကွယ်သွားခဲ့သည်။ သူမ နားပင် မယုံကြည်နိုင်ဖြစ်ရကာ စကားသံများပင် တုန်ရီသွားခဲ့၏။
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...