ညဘက်အိပ်ချိန်ရောက်ပြီဖြစ်တာကြောင့် ရေးသည် ကိုကြီးနှင့်ဖေဖေ့ကိုနှုတ်ဆက်ကာ ဂျီဟျွန်းလေးကိုချီ၍အိမ်ပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။ထို့နောက် ဂျီဟျွန်းလေးကို အိပ်ယာပေါ်သို့တင်ကာ သူမသည် မျက်နှာသစ်ရန် ခြေလက်ဆေးရန်လုပ်လေသည်။သူမ ရေချိုးခန်းထဲကပြန်ထွက်လာတော့ ဂျီဟျွန်းလေးကအိပ်ပင်ပျော်နေလေပြီ။သူမလဲပြုံးလိုက်ကာ
"ဟျွန်းလေးကတော့ အိပ်ပုတ်လေးပါပဲလားနော်..."
ထို့နောက် သူမလဲ မအိပ်ချင်သေး၍ လသာဆောင်ကိုထွက်ကာ အပြင်ကိုငေးကြည့်နေလိုက်သည်။ရေးသည် ငယ်စဥ်တည်းကမိဘမဲ့တစ်ယောက်မို့ မိသားစု၏နွေးထွေးမှု၊အမေတစ်ယောက်၏ကြင်နာမှု၊အဖေတစ်ယောက်၏ကာကွယ်ပေးမှုတို့ကိုမခံစားခဲ့ရ။သို့သော် ဒီဘ၀အဆစ်အချိုးလေးက သူမအတွက်မိသားစုဘ၀တစ်ခုကိုပေးခဲ့သည်။ထို့ကြောင့် သူမ၏မိသားစုကိုကာကွယ်ပေးရန် သူမ ဘာမဆိုလုပ်မည်။အထူးသဖြင့် အားငယ်တတ်သော သူမ၏မောင်လေးအတွက်ပေါ့။
ထိုစဥ်မှာပင် သူမသည် ဇာတ်ကြောင်းတစ်ခုကိုအမှတ်ပြန်ရတော့သည်။
'နောက်အပတ် တနင်္လာနေ့က ဇာတ်လိုက်လီဗြောင်ထယ်လာမဲ့နေ့ပဲ...လီဗြောင်ထယ်က ကိုကြီးနဲ့အတန်းအတူတူမို့စာအတူလုပ်ရင်း ဂျီဟျွန်းလေးကိုတွေ့မှာပဲ...အင်း..အဲ့တုန်းကတော့ ဂျီဟျွန်းလေးက ကိုကြီးကိုခင်တွယ်နေတာမို့ ကိုကြီးရဲ့သူငယ်ချင်းဖြစ်တဲ့ ဇာတ်လိုက်ကိုလဲခင်တွယ်ခဲ့တာပဲ....ဒီတစ်ခေါက်တော့ဘယ်လိုလာမလဲမသိဘူး....'
'အင်း...ဇာတ်လိုက်လာမယ်ဆိုတော့ သူ့ရဲ့....Arrr...-ီးပဲဟေး...ငါ villian မ ကို ဘယ်လိုတောင်မေ့နေခဲ့တာလဲ...အဲ့နေ့ကြရင် အဲ့ဟာမလဲပါလာမှာပဲ...wait...နေစမ်းပါဦး ဒါဆိုရင်...အခုငါဗီလိန်မဆီကရှောင်ဖို့ဆိုရင် ဇာတ်လိုက်ကိုလုံး၀ရှောင်မှရမယ်...ဟုတ်တယ်!..ဒါဆိုရင် ငါ့အကိုကလဲ ဇာတ်လိုက်ကိုလက်ခံလိုက်မှာပဲ..ဒါဆိုဇာတ်လမ်းကပြီး...အယ်...ဒါဆိုရင် ငါ့မောင်လေးကကြားထဲကကန့်လန့်ဖြစ်နေမှာပေါ့...'
'အား..-ီးပဲဟေး...သင်္ချာတွေသာထိုင်တွက်ချင်လိုက်တော့တယ်... x ကို ပြူးနေအောင်ပြထားပြီး "Find the x " ဆိုတဲ့ ပုစ္ဆာတွေကမှလွယ်ဦးမယ်...အခုဟာကြီးက တော်တော့်ကိုမလွယ်တာပါ...အဟင့်ဟင့်...'
YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...