Uni

569 47 2
                                    


တနင်္ဂနွေ ရုံးပိတ်ရက်မှာ Jennie Kim ဟုခေါ်သော အမျိုးသမီးငယ်တစ်ယောက် အလုပ်ရှုပ်နေခဲ့သည် ။ ပစ္စည်းလာပို့မယ့် Delivery ကိုလည်းစောင့်ရင်း အခန်းထဲတွင်လည်းအလှပြင်ရင်း ။ အထူးတလည် အလှပြင်ရခြင်းအကြောင်းမှာကား အစ်မဝမ်းကွဲဖြစ်သူ Jisoo နဲ့ သူ့သူငယ်ချင်းကို လေဆိပ်ကို သွားကြိုရန်ဖြစ်သည် ။ အတူကြိုမယ့် ပန်းစီးကိုတော့ ဆိုင်မှာသွားရွေးရမှာအလုပ်ရှုပ်တာမို့ အလွယ်တကူ အွန်လိုင်း ကသာမှာလိုက်သည် ။

တင်း...တောင် //

ဟော ရောက်လာပြီထင်တယ်...!!

အလှပြင်တာကို အပြီးသတ်ပြီး တံခါးရှိရာဆီ အမြန်လှမ်းခဲ့လိုက်၏ ။ Delivery သမားကို လက်မှတ်ထိုးပေးပြီးနောက် ပန်းစည်းကိုကြည့်လိုက်တော့ မှာထားတဲ့အတိုင်းစိတ်တိုင်းကျရသည်မို့ စိတ်ကြည်သွားသည် ။ တံခါးတွေပိတ်ပြီး ကားရှိရာဆီသွားနေပုံက ဘေးကမြင်ရသူတစ်ယောက်အတွက် ကျက်သရေရှိစရာ ။ ကွန်ဖီးဒန့် အပြည့်နဲ့ ထိုအမျိုးသမီးသည် ကိုယ့်အားကိုယ်ကိုးရင်း မိမိကိုယ်ကိုယ်ကိုလည်း ယုံကြည်မှုထားတတ်သူဖြစ်သည် ။ အလုပ်မှာလည်း အမျိုးသား အမျိုးသမီးတို့၏ သဘောကျခြင်းကို ခံရသူဖြစ် သည် ။ စိတ်မကောင်းစရာက သူတို့ထဲက တစ်ယောက်ကိုမှ Jennie ပြန်သဘောမကျနိုင်ပါ ။

တစ်နာရီခန့်မောင်းလို့ပြီးတဲ့အခါမှတော့ လေဆိပ်ကိုရောက်ရှိလာသည် ။ ကားကို စက်ရပ်ပြီးနောက် ပန်းစည်းကိုကိုင်ကာ ခရီးသည်များကြိုဆိုရန်ဆိုတဲ့နေရာမှာ သွားရပ်နေလိုက်သည် ။

ခနနေတော့လေယာဥ်ဆင်းသက်သံကြားရသည် ။ အစ်မဝမ်းကွဲ Jisoo က Jennie ကိုသိသည်မို့ နာမည်ပါတဲ့ဆိုင်းဘုတ်လည်းကိုင်စရာမလို ၊ ပန်းစည်းကြီးကိုသာ မလွှတ်တမ်းကိုင်ထားပြီး စောင့်နေရာမှ အချိန်တစ်ခုအကြာမှာတော့ အစ်မတော် Jisoo ကို တွေ့လိုက်ရပါတော့သည် ။

'' မမ Jisoo ''

'' ဟေးးး Jennie ''

ဝမ်းကွဲညီမတွေဆိုပေမယ့်အရမ်းချစ်ကြတာမို့ လူရှေ့မှာတောင် အားရပါးရဖက်လိုက်မိကြသည် ။

'' သူက မမ ပြောတဲ့ Lalisa ဆိုတာလား ''

'' ဟုတ်တယ် Jennie ၊ Lisa က ညီမလေးထက်တောင်ငယ်သေးတယ် ''

Do You Love Me ( U+Z One Short ) Where stories live. Discover now