Part - {18}

3.3K 382 33
                                    

ကျွန်တော် ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီး မိုးရေထဲမှာပဲ အီဗန့်လက်ကို ဆွဲလိုက်တယ်။ မြည်ဟီးသံနဲ့အတူ မိုးရွာ‌ချလာပုံက အရာအားလုံးကို ဆေးကြောချချင်တဲ့အလားပဲ။ မိုးသည်းထန်လာပြီလို့ ပြောလို့ရတဲ့အထိ ရွာချလာချိန်မှာ ခြေလှမ်းတွေကို အရှိန်တင်လိုက်တယ်။

ဟုတ်ပါတယ်။ ဘယ်အရာမှ ပိုကောင်းအောင် ဖြစ်လာတယ်ဆိုတာမျိုး မရှိဘူး။ ပြည့်စုံ‌တဲ့နေ့တစ်နေ့ရဲ့ အဆုံးသတ်ကို ဖျက်ဆီးသလိုပဲမို့ မိုးရေထဲမှာပဲ စုပ်သတ်မိသွားတယ်။

ရေအိုင်ကို ကျွန်တော် နင်းလိုက်မိတော့ ရေမှုန်ရေမွှားလေးတွေက နေရာအနှံ့ ပြန့်ကျဲသွားတယ်။ ဖိနပ်တွေသာမက ဘောင်းဘီအနားတွေ၊ အင်္ကျီနဲ့ ခေါင်းအထိပါ မိုးရေကြောင့် စိုရွှဲနေပြီ။ စောနကလေးတင် ပူအိုက်နေခဲ့တာ။ လေအေးနဲ့ အေးစက်တဲ့ စွမ်းအင်က အလျင်အမြန် ပြည့်နှက်သွားပြီး ကြမ်းတမ်းလာရောပဲ။

ကျွန်တော် အီဗန်ရဲ့လက်ကိုဆွဲပြီး ဝိုးတဝါးမြင်နေရတဲ့ ဘတ်စ်ကားစောင့်တဲ့နေရာထိ ပြေးသွားလိုက်တယ်။ အီဗန်က ကျွန်တော်နဲ့မတူတဲ့ ခြေလှမ်းတွေနဲ့(ဟေးလ်လို ခြေလှမ်းကျယ်နဲ့မတူ)မို့ သူက ကျွန်တော့်လက်မှာ တွဲခိုပြီး ဘေထုပ်လေးလို ဆွဲချခံရလုနီးပါးမို့ အရှိန်နည်းနည်း လျော့လိုက်တယ်။

အဲ့တာကြောင့် ဘတ်စ်ကားစောင့်တဲ့နေရာထိတောင် မ‌နည်း လာခဲ့ရတော့တယ်။ မိုးက မရွာတော့ပေမဲ့ သူ့အဝတ်တွေကတော့ စိုရွဲနေပြီ။ ကျွန်တော်တို့ နှစ်ယောက် အဝေးထိ မပြေးကြပေမဲ့ ကြွက်စုတ်လေးတွေ ဖြစ်ကုန်တယ်။

ရေတွေ စီးကျနေပြီး ကျွန်တော် မျက်နှာပေါ် ငွေရောင်ဆံပင်တွေက လာကပ်နေတာမို့ သပ်တင်လိုက်တော့ ဘေးက အီဗန်ကို မြင်လိုက်ရတယ်။ အနည်းငယ် ပွရောင်းတဲ့ အဝတ်တွေက စိုရွဲနေပြီး သူ့အသားပေါ် ကပ်ညှိနေတာမို့ သူ့ခန္ဓာကိုယ်သေးသေးလေး ပေါ်လာတယ်။ ခါးသိမ်သိမ်လေးနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ ကြွက်သားသေးသေးလေးတွေရယ်၊ အသားကြည်ကြည်လေးရယ်။

အီဗန်က လက်မြှောက်လိုက်ပြီး သူ့ဆံပင်ကို ဖွလိုက်တယ်။ သူ့ရှေ့ဆံပင်တွေကြောင့် ဖုံးကွယ်နေတဲ့ နဖူးလှလှလေး ပေါ်လာတယ်။ သူ့ရဲ့ အနက်ရောင်ဆံပင်တွေဆီက ရေစက်လေးတွေ ထွက်လာတယ်။ မောဟိုက်နေတဲ့ အီဗန်ရဲ့ မျက်တောင်တွေကလည်း ရေမှုန်မွှားလေးတွေ ကပ်ညှိနေပြီး ကျောက်မျက်ရတနာတုံးလေးလို တောက်ပနေတယ်။ ကြည့်လိုက်ရုံနဲ့တင် လေးစားဖို့ကောင်းလှတဲ့ သူ့မျက်နှာက ကျွန်တော့်ဖက် လှည့်လာတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora