Part (15)

166 28 4
                                    

Unicode

အပိုင်း (၁၅)

ကျန်းကျယ်ဟန့်သည် ကျိုးကျစ်ရှူး၏ဇာတိမြေဖြစ်သောယူနန်ပြည်နယ် ကူမင်းမြို့သို့ အလည်အပတ် ခရီးထွက်ခဲ့သည်။ သူက ကျိုးကျစ်ရှူးနှင့် ထာဝရ နှုတ်ဆက်ရန် ရည်ရွယ်ချက်ဖြင့် ထိုခရီးကို ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

"အားရွှီ.... မင်းရဲ့ဇာတိမြို့က မင်းလိုပဲနူးညံ့သိမ်မွေ့တဲ့ အလှတရားတစ်ခုပါပဲ"

ကျန်းကျယ်ဟန့် သည် Green Lake ၏ကမ်းခြေတစ်လျှောက်လမ်းလျှောက်စဉ် ကြည်မြသောရေပြင်သည်နေရောင်အောက်တွင်တောက်ပသောအလင်းရောင်ကိုထင်ဟပ်သည်။

"အားရွှီ...ငါဒီမှာခုနစ်ရက်နေမယ်၊ မင်း ဇာတိမြို့ရဲ့အသက်ရှုသံကိုငါခံစားရတယ်။ ငါထွက်သွားတဲ့အခါ ငါ့ဘဝထဲမှာ ကျိုးကျစ်ရှူး ဆိုတာ မရှိတော့ဘူး ငါက ကျန်းကျယ်ဟန့် ပြန်ဖြစ်သွားပြီ ၊ ဒီနေရာကငါနဲ့မင်းဆုံတဲ့နေရာ ဖြစ်ခဲ့ သလို ငါနဲ့မင်းနဲ့ လုံးလုံးလျားလျားလမ်းခွဲနှုတ်ဆက်တဲ့နေရာလည်းဖြစ်တယ်"

"အားရွှီ ...မင်းငါ့ကိုပျော်ရွှင်စေတဲ့အချိန် တွေနဲ့ မျှော်လင့်ချက်‌ တွေ ယူ ဆောင် လာ‌ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တဆက်ထဲမှာပဲ မင်းငါ့ဆီကိုယူလာပေးခဲ့တဲ့ဝမ်းနည်းကြေကွဲမှုနဲ့ စွဲလန်းမှုတွေကိုလည်းငါတန်ဖိုးထားတယ်၊ ဒါပေမယ့်မဖြစ် မနေ စွန့်လွှတ်ရတဲ့အခါလူတွေကအနာဂတ်ကို မျှော်လင့် ပြီး ရှေ့ ဆက်လျှောက်ဖို့ လိုသေးတယ်လေ ၊  ရောက်တဲ့နေရာမှာ ရပ်တန့် ပြီး ငေးငိုင် နေတာ မင်းရဲ့ ပုံစံ မဟုတ်သလို ငါ့ရဲ့  စတိုင် လဲ မဟုတ်ဘူး၊ ငါတို့ ကိုယ့်အနာဂတ်အတွက် ရှေ့ ကို ခရီးဆက်ရမယ် "

"အားရွှီ ..ဒီခရီးစဉ်က ပြန်ရင် ငါ လူသစ်စိတ်သစ်နဲ့ အနာဂတ် ရည်မှန်းချက် အတွက် ဆက်ကြိုးစားရမယ် ၊ မေ့လိုက်သင့်တဲ့ အရာတွေကို မေ့ပစ်လိုက်ဖို့ ငါကြိုးစားမယ် "

ယနေ့သည်ကျန်းကျယ်ဟန့် ကူမင်းသို့လာသည်မှာသုံးရက်မြောက်နေ့ဖြစ်သည်။  ဒီတစ်ခေါက် ခရီးစဉ်တွင် သူသည် ကျိုးကျစ်ရှူး ကိုနှုတ်ဆက်ခွဲခွာရန်ရည်ရွယ်ချက်ဖြင့် ကူမင်းမြို့တစ်မြို့ထဲသာ လည်ပတ်ရန် အစီအစဉ် ဖြစ်သဖြင့်သူသည်အလျှင်စလိုမရှိပဲ ပထမနှင့်ဒုတိယရက်များတွင်မြို့ တွင်း ကိုလှည့်လည်ပြီးတတိယနေ့တွင် Green Lake သို့လာခဲ့တာဖြစ်သည်။ 

Uncontrollable Love (Completed)Où les histoires vivent. Découvrez maintenant