စာမျက်နှာ (၁)

1.5K 106 6
                                    

"Hello ...ချန်း ငါအခု မင်းအိမ်ရှေ့မှာ
ခဏလောက်ထွက်ခဲ့ပေးနိုင်မလား"

၁နှစ်ကျော်မှ ပြန်ပြီး ကြားခွင့်ရတဲ့ ဘတ်ဟျွန်းရဲ့အသံ။
သူ ကျွန်တော့်နားကို ပြန်ရောက်လာခဲ့ပြီဆိုတဲ့အသိ။
ပြီးရင်. . .။

"ချန်းရာ ဖုန်းကိုင်ပြီဆိုရင်လည်း
တစ်ခုခုပြောပါဦး"

အချိန်ကိုကြည့်တော့ နာရီလက်တံတွေဟာ ည၁၁နာရီကိုကျော်လာခဲ့ပြီ။

"ငါ မနက်ဖြန် Thesisတင်စရာရှိလို့ မင်းနဲ့ထွက်မတွေ့နိုင်ဘူး ဘတ်ဟျွန်း ပြန်လိုက်တော့"

"တီ...."

ချသွားတဲ့ ဖုန်းကိုကြည့်ပြီး ဘတ်ဟျွန်း ရယ်မိတယ်။
ချန်းက အရင်လို မာနတွေနဲ့ ခြံရံထားနေဆဲပဲ။
မော့ကြည့်နေမိတဲ့ အခန်းငယ်လေးရဲ့ မီးအလင်းရောင်ကိုတစ်ခုတည်းသော ပြတင်းပေါက်လေးကနေ မြင်နေရတယ်။
ပြတင်းပေါက်မှာ ထင်ကျန်နေတဲ့ အရိပ်ဟာလည်း
မူရင်းလိုပဲ ကြည့်ကောင်းနေဆဲပဲ။
မင်းလည်း ငါ့ကို စောင့်ခဲ့တယ် မဟုတ်လား ချန်း။
ခြေထောက်နားက ကျောက်ခဲလေးတွေကိုကောက်ပြီး
ချန်းရဲ့ အခန်းပြတင်းပေါက်ကို လှမ်းပေါက်လိုက်တယ်။

"ဒေါက်...!"
"ဒေါက်...!"
"ဒေါက်...!"

သူ့အခန်းကို ကျောက်ခဲနဲ့လှမ်းပေါက်တာမကြိုက်တဲ့အကျင့်ကလည်းအရင်လိုပါပဲ။
ပြီးရင် ဒေါသတကြီးနဲ့ပြတင်းပေါက်လေးကိုဖွင့်မယ်။
‌စာကျက်ရလို့ ရှုပ်ပွနေတဲ့ဆံပင်တွေကိုအရင်မြင်ရမယ်။
ပြီးရင် တွန့်ချိုးနေတဲ့ မျက်ခုံးတန်းတွေကိုမြင်ရမယ်။
အလိုမကျတဲ့ မျက်နှာထားတင်းတင်းတစ်ခုကိုမြင်ရမယ်။
ပြီးရင်တော့...

"မင်းကို ပြန်တော့‌လို့ပြောနေတယ်လေ
ညကြီးမိုးချုပ် အိမ်ရှေ့မှာ ကလေးတွေလို လာဆော့မနေနဲ့!"

အခုထိလည်း ချန်း‌ယောလ်ရဲ့ အမူအကျင့်တွေအားလုံးကို
ဘတ်ဟျွန်း အလွတ်မှတ်မိနေတုန်းပဲ။
ဦးနှောက်ဟာ လုပ်စရာမလိုတော့တဲ့အလုပ်တွေကို
အရမ်းလုပ်တတ်တယ်။
ဘတ်ဟျွန်းဟာ ချန်းယောလ်ရဲ့
အကျင့်တွေ
မာနတွေ
ချစ်ခြင်းတွေ ချန်း‌ယောလ်ရဲ့ အရာအားလုံးနဲ့
အရမ်းကို ရင်းနှီးခဲ့ဖူးတယ်။

Love = Cactus 🌵 *Complete*Where stories live. Discover now