စာမျက်နှာ ( ၂ )

611 84 9
                                    

"ချန်းယောလ်....!စောင့်ပါဦး"

ဘတ်ဟျွန်း ရဲ့ဘဝတစ်လျှောက်လုံးက ချန်းယောလ်ရဲ့ ကျောပြင်ကိုပဲ အမြဲကြည့်နေခဲ့ရတဲ့ ကောင်လေးပါပဲ။
မူကြိုကျောင်းမှာ။
မူလတန်းမှာ။
အလယ်တန်းမှာ။
ပြီးတော့ အထက်တန်းရောက်တဲ့အထိ။
အမောတကော ပြေးလိုက်လာတဲ့ ဘတ်ဟျွန်းကို
ချန်းယောလ်ကတော့ တစ်ခွန်းပဲပြောတတ်တယ်။

"ဘယ်သူကပြေးခိုင်းနေလို့လဲ"

"ငါ ချန်းယောလ်ကို မမှီတော့မှာစိုးရိမ်လို့
ကျောင်းသွားတာလေးကစလို့
မင်းရဲ့ ဘဝတစ်ခုလုံးပဲ  ငါမင်းကိုမမှီတော့မှာကြောက်တယ်"

ရပ်သွားတဲ့ ချန်းယောလ်ရဲ့ခြေလှမ်းတွေနဲ့အတူ ဘတ်ဟျွန်းပါလိုက်ပြီး ရပ်လိုက်တယ်။

"ဒါမျိုးကျတတ်တယ် အတန်းထဲက အဆင့်ကိုပဲ
အရင်မှီအောင်လိုက်စမ်းပါ!"

"အာ့ ချန်းယောလ်!"

ချန်းယောလ်ရဲ့ လက်ဆစ်မာမာတွေကြောင့်
ဘတ်ဟျွန်းရဲ့ နဖူးသေးသေးလေး ခဏတွင်းချင်းပဲ
နီမြန်းသွားတယ်။

"ဒီလပတ် ငါအမှတ်နည်းရင် ချန်းယောလ်ကြောင့်နော်"

"အရူး!"

ဘတ်ဟျွန်းမှာ အရာအားလုံးနဲ့ပတ်သက်ပြီး
မှတ်ညဏ်နည်းရင်တောင် ဘတ်ဟျွန်းရဲ့အရာအားလုံးဖြစ်တဲ့ ချန်းယောလ်နဲ့ ပတ်သက်ရင်တော့
အလုံးစုံကိုသိတဲ့ လူက ဘတ်ဟျွန်းပဲဖြစ်ချင်တယ်။
ချန်းယောလ် မနက်အိပ်ရာထတဲ့အချိန်ကစလို့
ညဖက် စာကျက်ပြီး အိပ်ရာဝင်တဲ့အချိန်အထိ။

ဘတ်ဟျွန်းရဲ့ အရာအားလုံးက ချန်းယောလ်လေ။
ဒါကလဲ မပြောင်းလဲနိုင်ဘူးလို့ ထင်ပါတယ်။

_

ဘတ်ဟျွန်းရဲ့ဘဝမှာ မတွက်နိုင်တဲ့ ပုစ္ဆာတွေအများကြီးပေါ့။
အဲ့ဒီပုစ္ဆာတွေထဲမှာ ချန်းယောလ်ကတော့
ဘယ်တော့မှ မမှန်နိုင်တဲ့ မေးခွန်းမှားနေတဲ့
ပုစ္ဆာလေးတစ်ပုဒ်ဖြစ်ခဲ့ရုံပါ။

"ငါလည်း ဘေ့‌စ်ဘောရိုက်ချင်လို့ အသင်းထဲဝင်တာကို
ဘာလို့ ဒါတွေသယ်ခိုင်းနေရတာလဲ တအားပဲ!"

ဘေ့စ်ဘောရိုက်တံတွေ ထည့်ထားတဲ့ အိတ်ကြီးကို
တရွတ်တိုက်ဆွဲလာရင်း ဘတ်ဟျွန်း ခပ်အောင့်အောင့်ပြောမိတယ်။
ခပ်ကျပ်ကျပ် ဘောင်းဘီအဖြူလေးက ဘတ်ဟျွန်းရဲ့ပေါင်တံသွယ်သွယ်လေးတွေကအစ
ခြေသလုံး‌တုတ်တုတ်လေးတွေအဆုံး အသေအချာကို
တိတိပပ ပုံသွင်းထားသလို ဖြစ်နေတယ်။
ဆောင်းထားတဲ့ ဦးထုပ်ရဲ့ဘေးမှာ ထွက်နေတဲ့ နားရွက်သေးသေးလေးတွေ။
နားထင်စပ်မှာ စီးကျနေတဲ့ ချွေးသီးချွေးပေါက်လေးတွေ။
အိတ်ကိုသယ်နေတဲ့ လက်ဖဝါးတွေက သိပ်မကြာခင်မှာ ပေါက်ထွက်တော့မယ့်အတိုင်းနီမြန်းနေကြတယ်။
ဘတ်ဟျွန်းရဲ့ မျက်နှာဟာလည်း သူ့လက်ဖဝါးလေးတွေအတိုင်း သွေးရောင်ယှက်လို့ နီမြန်းနေတယ်။

Love = Cactus 🌵 *Complete*Where stories live. Discover now