1.

87 9 0
                                    


- Please read note at the end.

ကျောင်းကန်တင်းဆိုတဲ့အတိုင်း ကျောင်းသားကျောင်းသူများစွာနဲ့ဆူညံနေသည်...

ကြားနေကျမဟုတ်သော ရှူးဖိနပ်အမြင့်၏ဒေါက်သံဟာ အားလုံးရဲ့အာရုံကိုဆွဲဆောင်သွားသလား...

ထိုဖိနပ်အားစီးထားသော ကင်မ်ထယ်ယောင်းကြောင့်ဆိုလျှင်ပိုမှန်မည်...

" ထယ်ယောင်းက ထူးထူးဆန်းဆန်း ကန်တင်းကိုဘာလာလုပ်တာလည်းမသိဘူးနော် "

" ဘယ်သိမလည်း သူလည်းစားချင်တာတခုခုရှိလို့နေမှာပေါ့ "

" အေးလေ နင်တို့ကလည်း "

" ဟဲ့ ဒိုရီ ပွဲလေးလုပ်လိုက်စမ်းပါ နင့်ဘဲကိုကင်မ်ထယ်ယောင်း ဟိုတနေ့ကစကားပြောနေတာတွေ့လိုက်တယ်နော် "

" ဘာ ??? ငါ့ဘဲကသူ့ကိုသိတာလား ??? ဟ့ "

" ကင်မ်ထယ်ယောင်းကဒီလောက်လှတာ စိတ်ချလို့ရပါ့မလားမသိဘူးနော်ဟဲ့ "

" တောက်စ် စိတ်ရှုပ်လိုက်တာ သွားမယ်အဲ့ကောင်ဆီကို "
_

ဒိုရီနဲ့သူ့သူငယ်ချင်းတွေကတော့ ထယ်ယောင်းရှိတဲ့နေရာကိုရောက်သွားခဲ့ပြီ...

အားလုံးကလည်း ဒိုရီဘာလုပ်မလို့လည်းဟုသိချင်နေကြသည်...

" ဟဲ့ ဒီမှာ "

" .... "

" နင့်ကိုခေါ်နေတယ်လေ "

" ဘာလဲ "

" ဘာတဲ့ ?? အထာရင့်လိုက်တာ လေသံကိုပြင်စမ်းပါ ငါက လီဒိုရီ "

" မသိချင်ပါဘူး  "

" ဘာာ နင်သိမှရမယ်လေ !!! ငါ့ဘဲကိုနင် ဝင်နှိုက်ဖို့ စဉ်းစားထားတယ်မလား ? ရုပ်နဲ့လုပ်စားမယ့်ကောင် "

ထယ်ယောင်း မျက်ခုံးတွေ့ပင့်တတ်သွားသည်... သူ့ကိုစွပ်စွဲနေတာ...

" ဘာ? ဒီမှာသေချာအသိပဲ ကိုယ့်ကိုမစွပ်စွဲနဲ့"

" ဟား ကြည့်ပါဦး စနှိုက်ကြော်ကောင်ကလေသံမာနေလိုက်တာ "

*ဖျန်း*

ထယ်ယောင်းသည် ဘေးနားမှ ရေခွက်အားလှမ်းဆွဲကာ ဒိုရီ့မျက်နှာအားရေနှင့်ဖက်လိုက်
ခြင်းဖြစ်သည်..

You've reached the end of published parts.

⏰ Last updated: Jul 29, 2022 ⏰

Add this story to your Library to get notified about new parts!

vk || တံခါးဖွင့်ထားပါတယ် Where stories live. Discover now