Part-2

3.2K 227 31
                                    

Unicode

ကြီးမားကြယ်ပြန့်တဲ့အိမ်ကြီးအတွင်းထဲမှာအလုပ်သမားတွေလည်းအလုပ်ကိုယ်စီလုပ်နေသလိုဂျောင်ကုလည်းဧည့်ခန်းရဲ့ဆိုဖာပေါ်မှာလက်တော့တ၏်လုံးနဲ့အလုပ်ရှုပ်နေတယ်

အိမ်‌အပေါ်ထပ်ကနေဘောင်းဘီအရှည်အပွလေးနဲ့ခြေချောင်းရှည်ရှည်လေးတို့ကလည်းအမွေးပွဖိနပ်အဖြူရောင်လေးကိုစီးကာအဖြူရောင်တီရှပ်လက်ရှည်ခလေးကိုလက်ကောက်ကောက်လေးတွေသာပေါ်အောင်ဝတ်ထားပြီးရင်ဘက်မှအကျီကြယ်သီးနှစ်လုံးလောက်ကိုဖြုတ်ထားသောဆော့ဂျင်ဟာအလွန်ပင်ပြစ်ချက်ကင်းတဲ့အလှနတ်ဖုရားလေးလားဒါမှမဟုတ်ထုဆစ်ထားတဲ့ပန်းပုရုပ်ခလေးများအသက်ဝင်နေသလားလို့တောင်ထင်မှတ်မှားပေလောက်‌တယ်

ဂျောင်ကုအပေါ်ထပ်ကနေဆင်းလာတဲ့ကောင်လေးကိုငေးကြည့်နေရာမှဆော့ဂျင်ခြေလှမ်းတို့ကဂျောင်ကုထိုင်နေတဲ့နေရာကိုကျော်ကာအိမ်အပေါက်ဝကိုဦးတည်နေတာကြောင့်

"အဲ့တာဘယ်လဲbaby!..."

"ကျွန်တော်လမ်းထွက်‌ေလျှာက်ချင်လို့..."

"daddyနားလာထိုင်!..."

ဆော့ဂျင် ဂျောင်ကုစကားအတိုင်းအလိုမကျသောမျက်နှာလေးနဲ့ဂျောင်ကုထိုင်နေတဲ့ဆိုဖာခုံ‌နေရာလေးမှာဝင်ထိုင်လိုက်တယ်

"အင့်..."

ဂျောင်ကုဘေးနားမှာထိုင်နေတဲ့ဆော့ဂျင်ရဲ့ခါးကိုအားပါပါနဲ့သူရှိရာသို့ဆွဲလိုက်တယ်

"ငြိမ်ငြိမ်နေ... daddyပြောစရာရှိလို့..."

ဆော့ဂျင်ခါးကိုဖက်ထားသောဂျောင်ကုရဲ့လက်ကိုဖြုတ်ချပြီးသူ့တို့ကိုအလုပ်လုပ်နေရင်းပေါ်တင်မကြည့်ရဲကြလို့‌ခိုးကြည့်နေကြတဲ့အလုပ်သမားတစ်ချို့ကိုတွေ့လိုက်တာကြောင့်ဂျောင်ကုကိုလွှတ်ပေးရန်ပြောဖို့ရည်ရွယ်လိုက်ပင်မဲ့ဂျောင်ကုရဲ့စကားကြောင့်ငြိမ်နေလိုက်ရတယ်

"သူ့နာမည်ကကင်ထယ်ယောင်း... daddyရဲ့မွေးစားသား..."

"မွေးစားသား..."

ဆော့ဂျင် ဂျောင်ကုအိမ်မှာနေခဲ့တဲ့ ၃နှစ်ကာလအချိန်ကြာခဲ့‌ေပမဲ့‌ေဂျာင်ကုဆီမှာမွေးစားသားရှိတယ်ဆိုတာကိုကြားလည်းမကြားခဲ့ဖူးသလိုဂျောင်ကုကလည်းဆော့ဂျင်တို့သားအမိကိုမပြောပြခဲ့

STEPFATHER ᵒʳ STEPBROTHER ✔︎Where stories live. Discover now