မိုးရာသီရဲ့ နေတစ်နေ့ဆိုသည့်တိုင်းဘဲ ကောင်ကင်းကြီးကအုံ့မိုင်းနေလေတယ် မကြာခင်ဘဲ မိုးဖွဲလေးတွေစတင်ကျလာခဲ့ပြီ ကျွန်တော်အခန်းရဲ့ပြတင်းပေါက် ကနေ ကော်ဖီခွက်လေးကိုကိုင်ရင် အုံ့မိုင်းနေတဲ့ကောင်းကင်ကြီးကိုကြည့်ရင်း အတိတ်အကြောင်းတွေဆီကိုကျွန်တော်ပြန်ရောက်သွားမိတယ်.... သူမ နဲ့ စတင်တွေ့ရှိခဲ့တဲ့ လွန်ခဲ့တဲ့၁နှစ်ကျော်အချိန်လေးတွေကိုပေါ့...▪︎▪︎▪︎▪︎▪︎▪︎▪︎ ♡♡♡♡♡▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အဲ့နေ့က ဒီလိုနေ့မျိုးလေးလိုဘဲ မိုးဖွဲလေးတွေနဲ့ပေါ့ ကျွန်တော် ဂိုက်ပြန်လိုက်ပေးတဲ့ ကွန်ပျူတာသင်တန်းလေးကို ပြိုင်ဘီးလေးနဲ့ မိုးဖွဲလေးတွေကြား ဖြတ်ပြီး သင်တန်းကိုရောက်လာခဲ့တယ် ကျွန်တော် သင်တန်းမှာပြန်ပြီးသင်ပေးရတဲ့ အတန်းသားတွေထဲမှာ သတိထားမိဆုံးသူမ ကျွန်တော့်ထက်အသက်၁နှစ်လောက်ကြီးတယ် သူမကိုကြည့်လိုက်ရင်ယုံကြည်မှုအမြဲရှိနေတဲ့သူတစ်ယောက်လိုဘဲ ထို့ပြင်ကလေးလိုလည်းချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ပေါ့သင်တန်းကိုခဏခဏနောက်ကျတတ်တဲ့အပြင်အတန်းလည်းခဏခဏပြေးတဲ့အတွက်ကြောင့်ကျွန်တော်သတိအထားမိဆုံး သင်တန်းသူတစ်ယောက်ဖြစ်နေခဲ့တာပေါ့ဗျာ ကျွန်တော်သူ့အကြောင်းလေးကိုတွေးရင်း ကောင်းကင်ကြီးလည်း မိုးသည်းစွာစတင်ရွာလာခဲ့တယ် ကျွန်တော်စိတ်ပူမိတယ်။
အမြဲသင်တန်းနောက်ကျ သင်တန်းပြေးတဲ့သူမက ဒီလိုမိုးသည်းကြီးထဲကနေ သင်တန်းကိုလာမှာစိုးရိမ်မိနေတယ် ကျွန်တော်စိုးရိမ်လို့တောင် မဆုံးသေးဘူး သင်တန်းရဲ့ဆိုင်ကယ်ထားတဲ့နေရာကိုသူမရဲ့ဆိုင်ကယ်လေးရောက်လာခဲ့တယ် ကျွန်တော်သူမကိုလှမ်းကြည့်လိုက်တော့ မိုးကာမပါ ထီးမပါနဲ့ ရောက်လာတယ် မိုးလည်းတော်တော်ရွဲနေသောသူမ ကျွန်တော်လည်းတွေ့တော့ချက်ချင်းသင်တန်းက အဆင်ပြေတဲ့ထီးတစ်ချောင်းကိုယူပြီးသူမဆီသွားပြီဆောင်းကာ သင်တန်းထဲခေါ်လာခဲ့သည် ကျွန်တော်လည်းစိတ်ပူစွာ သူမ ကို အသံအနည်းငယ်မာမာဖြင့်စကားစတင်ပြောလိုက်သည်။