[Unicode]"Boss ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ကျန်ပါတယ် ဘယ်လိုလုပ်လိုက်ရမလဲ"
ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်လျှက် စီးကရက်တစ်လိပ်အား သူ၏သွယ်လျ၍ရှည်လျားသေးသွယ်လွန်းသောလက်ချောင်းလေးများကြားတွင်ညှပ်ကာကိုင်ထားသည်မှာ အချိုးအဆစ်ကျလွန်းသည့်ပန်းပုရုပ်လေးပမာ။ လက်ထဲရှိစီးကရက်အား ပန်းနုရောင်သန်းနေသည့် ပါးလွှာသေသပ်လွန်းသောနှုတ်ခမ်းဖျားပေါ်သို့တင်ရင်း တစ်ချက်ရှိုက်သွင်းပြီးသည်နှင့်မီးခိုးငွေ့များကိုမှုတ်ထုတ်ပစ်လိုက်ပုံမှာ သက်၀င်လှုပ်ရှားနေတဲ့သက်ရှိနတ်ဘုရားတစ်ပါးကဖန်တီးထားတဲ့အနုပညာတစ်ခုလို။
အနက်ရောင်suitဖြင့်ခံ့ညားသပ်ရပ်နေပါသော ထိုအမျိုးသားနှင့်သူ၏နောက်ကျောဘက်ရှိခမ်းနားထည်ဝါလွန်းသည့်အိမ်တော်ကြီးကလိုက်ဖက်ညီစွာ။အမြင်နှင့်ပင် တော်၀င်ဆန်လွန်းစွာခမ်းနားကြီးကျယ်လှမည်ဟုထင်ရသောထိုအမျိုးသားသည် နက်မှောင်စွာဖြောင့်တန်းနေသောဇာမဏီမျက်ခုံးများနှင့် ထိုမျက်ခုံးများ၏အောက်ဘက်တွင် စိန်ပွင့်လေးများသဖွယ်အရည်လဲ့၍ရွှန်းတောက်နေသောမျက်၀န်းများကိုပိုင်ဆိုင်ထားသည်။ လှပခြင်းဟုတင်စား၍ရနိုင်သော ကတ္တီပါရောင်နှုတ်ခမ်းပါးလေးကအဖျားနားတွင်ကော့တက်သွားပုံအရ သူပြုံးနေခဲ့သည်လား။
"ခေါ်ခဲ့"
"ဗျာ!!"
"ငါ့ဆီကိုခေါ်လာခဲ့ချေ"
"ဟုတ်ကဲ့ပါ Boss"
အရှုပ်အယှက်တွေမကြိုက်တဲ့bossဖြစ်သူက အရွယ်မရောက်သေးတဲ့ကလေးငယ်လေးကို သူ့ဆီခေါ်လာခိုင်းတာ သတ်ပစ်ဖို့တော့မဟုတ်လောက်ဘူးမလား။ မေးချင်သော်လည်း မေးပိုင်ခွင့်မရှိသည့်သူ့အဖြစ်ကြောင့် နှုတ်ပိတ်၍သာအမိန့်ကိုနာခံရုံကလွဲလို့ အခြားဘာမှမတတ်နိုင်။
မိမိကဲ့သို့သောလက်အောက်ငယ်သားများ၏ အလုပ်မှာ သခင်၏နှုတ်ဖျားကထွက်လာမည့်အမိန့်တစ်ခုကိုသာ မိမိတို့၏အသက်တစ်ခုအဖြစ်သက်မှတ်ထားရသည်သာ။ အထွန့်တက်မေးမြန်းခွင့်မရှိသလို ဆန့်ကျင်ပုန်ကန်ခွင့်မရှိ။ နောက်လိုက်ခွေးတစ်ကောင်ကဲ့သို့အရာရာကိုငြင်းဆန်ပိုင်ခွင့်မရှိဘဲ စေခိုင်းသမျှပြုလုပ်ရမည်သာ။