အပိုင်း(13) uni

1.2K 86 3
                                    

🌿 The Lengends of the blue sea

အပိုင်း(13)ကလေးဆန်တဲ့တိုင်တန်

သူတို့တစ်ယောက်နဲ့တစ်ယောက် လှမ်းကြည့်လိုက်တာနဲ့ တစ်ယောက်ရဲ့ခါးသီးမူ့ကို တစ်ယောက်ကမြင်နိုင်တယ်

ဆိုးဝါးလိုက်တာ

သူတို့ တိုင်တန်ခရင်းခွကို တောင်းပန်ဖို့ ပါးစပ်ဟမလို့ရှိသေး

တိုင်တန်ခရင်းခွက ရောင်ဝါတွေတဖျတ်ဖျတ်လက်ပြကာ

တခါနှစ်ခါတောင်တုန်ပြလိုက်သေး

ဟေးလုံ။ ။ ".........."

ရေဘုရင်။ ။ ".........."

ကလေးတစ်ယောက်က သူ့မိခင်ဆီကအဆူခံလိုက်ရရင် ချစ်ဖို့ကောင်းအောင်လုပ်ပြပြီး အချော့ခံချင်သလိုမျိုး

ဒီအမူအယာက ဘာလဲ?

‌ဒါက

ဒါက

လုံးဝကိုအနိုင်ကျင့်ခံရတာပဲ

ဒီတိုင်တန်ခရင်းခွက ကလေးဆန်လိုက်တာ

ပင်လယ်နတ်ဘုရားနောက် နှစ်ပေါင်းတသောင်းလိုက်ခဲ့ပြီး

အောင်ပွဲအလီလီရခဲ့ပြီး

နှစ်ငါးထောင်အိပ်ပြီးမှ

နိုးလာတော့

ကြောင်များသွားပြီလား

ဒါမှမဟုတ် ဒီနှစ်ငါးထောင်လုံး သူတို့ကပဲအသုံးမကျခဲ့ကြတာလား

သူတို့သေသင့်တယ်

သူတို့တကယ်သေသင့်တယ်

သူမကတော့ ဂရုလေးတောင်တချက်စိုက်မနေဘူး

တိုင်တန်ခရင်းခွကို သဘောကျသလို ပွတ်သပ်လိုက်တယ်

တိုင်တန်ခရင်းခွကတော့ သူ့သခင်ကိုအမြှီးနှံ့ပြနေတဲ့ခွေးလေးအတိုင်းပဲ

အလင်းရောင်တွေကိုမှိန်လိုက်တောက်ပလိုက်လုပ်ကာ ရီနာနာဆီက မျက်နှာလုပ်လို့နေတယ်

ရီနာနာလဲ အခုမှ သူမကိုယ်သူမ ပြန်မိတ်ဆက်ဖို့သတိရလိုက်တော့တယ်

"ရေဘုရင် ကျွန်မရီနာနာပါ ကုန်းမြေပေါ်က လီတိုင်းပြည်ရဲ့ဘုရင်မပါ "

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalHikayelerin yaşadığı yer. Şimdi keşfedin