Chapter 1

76 4 1
                                    

ဟာဒီခွေးမ "ဖြောင်း........."

တိတ်ဆိတ်နေတဲ့အိမ်ငယ်လေးထဲမှာလူတစ်ယောက်၏ဆဲဆိုရိုက်နှက်သံများနှင့်ပြည့်နှက်လျက်ရှိသည်။

"အကို..အကိုရယ်ခင်တောင်းပန်ပါတယ်နော်ကိုလင်းကိုတော့ဘာမှမလုပ်ပါနဲ့နော်ကျေးဇူးပြုပြီးတောင်းပန်ပါတယ်ဒူးထောက်တောင်းပန်ဆိုလည်းတောင်းပန်ပါ့မယ်တစ်ကယ်မှားသွားပါတယ်နောက်ဆုံးအနေနဲ့တစ်ခါလောက်ခွင့်လွှတ်ပေးပါ"

ထိုမိန်းမ၏တောင်းပန်သံကိုကြားနေရရုံနဲ့တင်ဦး၏‌ဒေါသတို့မှာအသွေးအသားထဲတွင်ပင်ပွက်ပွက်ဆူလောင်‌ကြွမ်းနေပြီဖြစ်သည်။သူအရမ်းချစ်ခဲ့ရတဲ့မြတ်နိုးခဲ့ရတဲ့ခင်ကသူ့အပေါ်ယခုလိုလုပ်ရက်မည်ဟုသူမထင်ထားခဲ့။ခင်ဟာအရမ်းရက်စက်တတ်တဲ့မိန်းမဆိုတာသူမေ့လျော့နေခဲ့သည်။ယခုသူကိုယ်တိုင်ထိုမိန်းမ၏သစ္စာမဲ့မှုများကိုမျက်ဝါးထင်ထင်တွေ့နေရပြီဖြစ်သည်။

"ဒါပေါ့ခင် ကိုယ်နားလည်တာပေါ့ခင့်မှာအပြစ်မရှိပါဘူးအဲ့တော့ကိုယ်ကမင်းကိုခွင့်လွှတ်ပါတယ်မင်းနဲ့ဘဲပျော်ပျော်ရွှင်ရွှင်နေသွားမှာနာကျင်စရာတွေမရှိတော့အောင်အကိုလုပ်ပေးမယ်နော်ခင်"

ထိုသို့ပြောပြီးဦးတိမ်မင်းသူ၏ချွေးတို့နှင့်နစ်နေသောအဖြူလွှလွှအပေါ်ထပ်ကိုဆွဲချွတ်လိုက်ပြီးအနားရှိကိတ်တို့နှင့်အတူပြန်ကြဲနေသည့်ဓားတစ်လက်ကိုကောက်ယူလိုက်သည်။

"ဟင့်အင် အကို မလာခဲ့နဲ့မလာခဲ့နဲ့ခင်ကြောက်တယ်မလာပါနဲ့ခင်တောင်းပန်ပါတယ်နော်တစ်ကယ်တောင်းပန်ပါတယ်တစ်ခါဒီတစ်ခါဘဲခွင့်လွှတ်ပေး.....အာ့"

"ဘယ်လိုလဲခင်သက်တောင့်သက်သာရှိတယ်မလားဟား.....ဟား...ဟား...ဟား............."

ထိုအချိန်ဤမြင်ကွင်းအားမလှုပ်ယှက်ကြည့်နေသောကောင်လေးတစ်ယောက်.....

အင့်ခနဲ့ရှိုက်သံနဲ့အတူမင်းဝဇ္ဇဏ၏မျက်လုံးအစုံတို့ပွင့်လာခဲ့သည်။နိမ့်ခြည်မြင့်ခြည်ဖြစ်နေသောရင်အစုံကိုတည်ငြိမ်စေရန်အလို့ငှာအနားရှိအသင့်ဆောင်ထားသောရေခွက်နှင့်ဆေးဘူးကိုအမြန်လက်လှမ်းသော်လည်းခန္ဓာကိုယ်ကအားမရှိစွာဖြင့်ဆေးဘူးကိုတိုက်ချမိသွားသည်။အတတ်နိုင်ဆုံးအားယူထလိုက်ပြီးခွက်ကြည်ကြည်ထဲရှိရေတို့အားတစ်စက်မကျန်အားရပါးရသောက်လိုက်မှလူကနေသာထိုင်သာရှိသွားသည်။လွန်ခဲ့တဲ့တစ်နာရီလောက်ကမှအိပ်ပျော်သွားတာမလို့လူကအိပ်ရေးကမ၀ချင်။နံရံတွင်ကပ်ထားသောနာရီအသေးလေးအားတစ်ချက်ကြည့်လိုက်တော့နံနက်သုံးနာရီထိုးနေပြီဖြစ်သည်။ပြန်အိပ်လို့မရတော့မည့်အတူတူစာအုပ်တစ်အုပ်အားဆွဲပြီး၀ရံတာဘက်ကိုဘဲထွက်ခဲ့တော့သည်။

You've reached the end of published parts.

⏰ Last updated: Mar 12, 2023 ⏰

Add this story to your Library to get notified about new parts!

Yellow Hope Where stories live. Discover now