“ ၀မ် ဒါ Boss နာမည်နဲ့ USကပို့လိုက်တဲ့ပါဆယ်”“အေး ထားခဲ့လိုက်!”
၀န်ထမ်းမလေးတစ်ယောက်ယူလာပေးသည့်ပါဆယ်ဘူးကို ရိပေါ်စားပွဲခုံပေါ်တင်ပြီး သေချာကြည့်နေလိုက်သည်။
ပါကင်လှလှလေးထုတ်ထားပြီး အရောင်ကအစ ရှောင်းကြိုက်တဲ့အနီရောင်လေးနဲ့ဖြစ်သည်။ ပေးပို့သူနေရာက Xiao Taddy ....ဒီပစ္စည်းက အထဲကဘယ်လောက်တန်ဖိုးကြီးသည်မသိ။ဘူးခွံနဲ့တင် အဖိုးအခအတော်များနေပြီဖြစ်သည်။အဝေးကတစ်ယောက်က သူ့ရဲ့စေတနာတွေ အကြင်နာတွေကို ထုတ်ပိုးလို့ရိပေါ်ရဲ့သက်ဆိုင်သူထံ အရောက်ပို့ပေးလိုက်ခြင်းဖြစ်သည်။ကိုယ့်မှာ ၀န်တိုပိုင်ခွင့်ရော ရှိရဲ့လားမသိ။
“အဲ့တာဘာကြီးလဲ?”
Toiletထဲက ထွက်လာတဲ့ရှောင်းက ရိပေါ်စားပွဲပေါ်က ပါဆယ်ဘူးကိုတွေ့တော့မေးသည်။ရိပေါ်က ဘူးကိုငေးနေရာမှ ရှောင်းရဲ့စားပွဲဆီယူလာသည်။
“ ရှောင်းနာမည်နဲ့ပို့လိုက်တာ”
ရှောင်းက နာမည်ကိုတစ်ချက်ဖတ်ကြည့်ပြီးရိပေါ်ကိုကြည့်လာသည်။
ခုချိန်မှာကိုယ့်မျက်နှာကိုသူ့ကိုပေးမသိစေချင်တာမို့ဘူးကိုသူ့ဆီသာအပ်ခဲ့ပြီးကိုယ့်နေရာကိုပြန်လာခဲ့၏။ဒီနေ့ကရှောင်းရဲ့ 28နှစ်ပြည့်မွေးနေ့ဖြစ်သည်။ အိမ်ထောင်သက်ခြောက်လကျော်အတွင်း ခုလိုဘယ်သူ့ဆီကမှဘာပစ္စည်းမှရောက်မလာဖူး...
ကြည့်ရတာရှောင်းရဲ့အရှုပ်တွေက မကုန်ဆုံးသေးဘူးထင်ပါသည်။“ မသိချင်ဘူးလား?အထဲကဘာတွေလဲလို့!”
ရှောင်းရဲ့အသံကခပ်ကျယ်ကျယ်ထွက်လာသည်။