တူတူတူတူ........ ဖုန်း alarm မြည်သံနှင့်အတူ ခေါင်းထောင်လာသော မိန်းကလေးတစ်ယောက်
ဟာ .... မထချင်သေးဘူး ... နောက်ထပ် ငါးမိနစ် အိပ်အုံးမယ် .... ခေါင်းပြန်ချပြီး အိပ်နေစဉ် ....
နှင်းဧကရီဖြူရေရရ .... ထတော့ ..... အလုပ်နောက်ကျတော့မယ် ...
ဟာ ... မေမေကလည်း ငါးမိနစ်ထဲ နှပ်နေတာပါ
ငါးမိနစ်ပြီးရင်တော့ ထတော့နော် သမီး
ကျွန်မနာမည် နှင်းဧကရီဖြူပါ .... အသက်ကတော့ ၂၆ ထဲမှာပေါ့ ... ကျွန်မဘဝကတော့ ရိုးရှင်းပေါ့ပါးပါတယ် .... ညီအမသုံးယောက်ထဲမှာ အငယ်ဆုံး .. ဖေဖေကတော့ စိတ်မကောင်းစွာပဲ မရှိတော့ပါဘူး .... အမနှစ်ယောက်နဲ့ မေမေနဲ့ နေပါတယ် ... အလုပ်ကတော့ ရာထူးနည်းကြီးတဲ့ ကုမ္ပဏီဝန်ထမ်း တစ်ယောက်ပါပဲ ..... ကျွန်မတို့ မိသားစုကကြီးကြီးတက် ချမ်းသာတဲ့ထဲမပါပေမယ့် ... အိမ်နဲ့ခြံရယ် ကားရယ်တော့ ရှိပြီး ... ပိုက်ဆံ အတင့်အသင့် ရှိတဲ့ထဲတော့ပါပါတယ်
အော် .... ကျွန်မဘဝက ရိုးရှင်းတယ် ပေါ့ပါးတယ်ဆိုပေမယ့် တစ်ချိန်တစ်ခါကပေါ့ ..... အထူးသဖြင့်
ကျွန်မဘဝထဲကို ထိုအမျိုးသမီး မဝင်လာခဲ့သေးခင် အချိန်တွေကပေါ့ ....မဌေးရေ ဒီမနက် ဘာမုန့်လဲဟင် ...
မုန့်ဟင်းခါးလေ နှင်းရဲ့ ....
မြန်မြန်ထည့်ပေးပါ မဌေးရယ် ... နှင်း အလုပ်နောက်ကျမှာစိုးလို့ ....
အေးပါ နှင်းလေးရယ် ... ဖြေးဖြေးစားနော် ပူမယ်
ဒါနဲ့ ကျွန်မရဲ့ရာထူးကတော့ မြန်မာနိုင်ငံမှာ လူသိများတဲ့ Customer Service ပေးတဲ့ Company တစ်ခုရဲ့ HR Department က Senior Officer တစ်ယောက်ပါ ... ကျွန်မအသက်က မငယ်တော့ပါဘူး ... ဒါပေမယ့် ကျွန်မ ကလေးဆန်သေးပါတယ် ... သို့သော် ကျွန်မ ချစ်ခင်တဲ့ သူတွေအပေါ်မှာ သာလျှင် ဆန်တာပါ .... သာမာန်ပဲခင်တဲ့ မသိတဲ့ သူစိမ်းတွေအပေါ်ဆို လူကြီးတစ်ယောက်လို ခပ်အေးအေး ဆက်ဆံတတ်တာပါ ....
မောနင်းနှင်းရေရ .. ဒီနေ့ကတော့ ဝန်ထမ်းအသစ်လေးတွေ ရှိတယ်ကွ ... ညီမလေး စည်းကမ်းချက်တွေ ပြောပြရအုံးမှာပေါ့ ....
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romanceမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ