018

6.4K 393 83
                                    

ရေချိုးခန်းထဲက ထွက်လာတဲ့ ရိပေါ်ကိုရှောင်းက အိပ်ယာထက်ကနေ လက်ဆန့်ကာ သူ့ရင်ခွင်ကိုဖွင့်လို့ ၀င်လာခိုင်းနေတာဖြစ်သည်။ ကုတင်ခေါင်းရင်းကိုမှီထိုင်နေတဲ့ ရှောင်းက bathrobe အဖြူနဲ့ ကားကားကြီးမှီလျောထိုင်နေတာမို့ သူပေါင်တံတွေကအစမြင်ရကာ ခြေသလုံးမွှေးတွေကလည်း အရှည်ကြီးဖြစ်လို့..

ဖြူဖြူသေးသေးရိပေါ်ထက်စာရင်ရှောင်းကအများကြီးထွားနေတာဖြစ်သည်။
ရိပေါ်မကြည်မလင်နဲ့ပဲ သူ့ရင်ခွင်ထဲ ၀င်ထိုင်လိုက်ရသည်။မဟုတ်ရင်တောင်သူက ရိပေါ်ကိုအတင်းဆွဲခေါ်မှာပဲ မဟုတ်ဘူးလား။

ရှောင်းက နာရီကိုတောင် မချွတ်ပဲဒီတိုင်းပတ်ထားတာဖြစ်သည်။ကြည့်ရတာ ဒီတစ်လုံးကိုပဲ စွဲစွဲမြဲမြဲပတ်မည့်ပုံရသည်။

အကြိုက်နာနေလိုက်တာများ!
မပြောချင်ဘူး !

သူ့ရည်းစား၀ယ်ပေးတဲ့နာရီက ဘယ်လိုကြောင့် ရိပေါ်၀ယ်ပေးထားတဲ့အရောင်ကအစ model အထိတူနေရသည်မသိ။ ရိပေါ်သေသေချာချာလေးရွေးထားတဲ့ golden platinum colour ပဲဖြစ်နေသည်။ ကြည့်ရတာအဲ့တစ်ယောက်အကြိုက်က ရိပေါ်နဲ့ အတော်လေးတူနေပုံရသည်။ရှောင်းအတွက်ပေးမယ့် နာရီကအစ ဆင်တူဖြစ်နေရသည်ထိ။ဒါကြောင့်လည်း ရိပေါ်ယောက်ျားကို ခုထိမစွန့်လွှတ်နိုင်သေးတာဖြစ်မည်။

“ မျက်နှာကြီး စူပုပ်နေတာပဲ ၊ အိပ်ခါနီးကြီးကို မကြည်မလင်မလုပ်စမ်းပါနဲ့ ”

ရှောင်းက သူ့ရင်ခွင်ကျယ်ကြီးထဲရိပေါ်ကိုယ်လေးကိုနစ်မြုပ်မတတ်ဖက်ထားသည်။ရိပေါ်လည်တိုင်တွေကြားထဲခေါင်းတိုးဝှေ့ရင်း သူ့နှာခေါင်းချွန်ချွန်နဲ့ ပွတ်တိုက်နေတာဖြစ်သည်။

“ အဲ့နာရီကို အရမ်းကြိုက်တာပဲလား ?”

ရိပေါ်ခေါင်းကိုစောင်းငဲ့ရင်းမေးလာတော့ရှောင်းက အမြင်ကပ်လောက်စွာခပ်တိုးတိုးရယ်သည်။
ပြီးတာနဲ့ နာရီကိုငုံ့နမ်းပြစ်လိုက်တာဖြစ်သည်။

“ အင်း ၊ တစ်ယောက်ယောက်ဆီက ပထမဆုံးရဖူးတာမို့ အရမ်းကြိုက်တယ်”

ရိပေါ်မျက်နှာကိုမဲ့ပြစ်လိုက်သည်။ဒေါသကြောင့် ရေချိုးပြီးစ မျက်နှာနုနုလေးကပါ နီမြန်းမြန်းဖြစ်ချင်နေပြီဖြစ်သည်။

One Step To You___{Completed}Where stories live. Discover now