Chapter 18: Go to town together

6.9K 1K 14
                                    

Unicode

နောက်တစ်နေ့တွင် ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်တို့က မနက်စောစောထကြသည်။ ရှောင်​ရှောင်ဖန်နဲ့ ရှောင်​ရှောင်တုန်တို့ကအပြင်လိုက်ချင်၍အော်ဟစ်​နေကြပြီး ကူညီချင်နေကြသည်။ ရှောင်ကျင့်ထျင်ကတွေးပြီးနောက် ခေါ်သွားရန်သဘောတူလိုက်၏။

ရှောင်ကျင့်ထျင်သည် ရှောင်​ရှောင်ဖန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာမှာ အနည်းငယ်စိုးရိမ်သွားသည်။

ရှောင်​ရှောင်ဖန်သည် ရှောင်ကျင့်ထျင်၏ မျက်နှာကို စိုက်ကြည့်ရင်း မျက်လုံးများနက်​မှောင်သွားကာ " အဖေ၊ ဘာဖြစ်နေတာလဲ၊ မ​ပျော်ဘူးလား။ "

ရှောင်ကျင့်ထျင်က ပြုံးပြီး " အဖေက စပျစ်သီးတွေ မရောင်းရမှာကိုစိုးရိမ်နေတာ " လို့ ပြောလိုက်တယ်။

" စပျစ်သီးတွေက အရသာရှိပြီး သေချာပေါက် ရောင်းရလိမ့်မယ်။ " ရှောင်​ရှောင်ဖန်က သူ့လက်လေးတွေကိုမြှောက်လိုက်ပြီး ရှောင်ကျင့်ထျင်ကို အားပေး၏။

" တကယ်လား စပျစ်သီးတွေက အရသာရှိလား? " ရှောင်ကျင့်ထျင်က ပြုံးပြီးမေးလိုက်တယ်။

ရှောင်​ရှောင်ဖန်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး
" ဟုတ်တယ်၊ စပျစ်သီးက အရသာရှိပြီး ရှောင်ဖန်က သူတို့ကို အရမ်းချစ်တယ် "

" မင်း အကြိုက်ဆုံး အစားအစာကဘာလဲ။ " ရှောင်​ရှောင်တုန်က ရှောင်​ရှောင်ဖန်ကို ဒေါသတကြီးကြည့်ပြီး ပြောလိုက်သည်။

ရှောင်​ရှောင်ဖန်က ရှောင်​ရှောင်တုန်ကို ကြည့်ကာ " အစ်ကို၊ မင်းလည်း စားရတာကြိုက်တယ်။ အစ်ကိုလည်း ကျွန်တော့်ထက် ပိုစားတယ်။ ကျွန်တော့်​ဖေ​ဖေလည်း စားရတာကြိုက်တယ်။ စပျစ်သီးနှစ်စည်းကို ဖေ​ဖေ့ဆီထားခဲ့တာ အားလုံးစားလိုက်တယ်။ "

" တကယ်လား? " ရှောင်ကျင့်ထျင်က ပြုံးပြီး ရွှီမုရန်မျက်နှာကိုကြည့်လိုက်​သောအခါ ရွှီမုရန်၏မျက်နှာသည် လျင်မြန်စွာနီရဲလာသည်။

ရှောင်ကျင့်ထျင်သည် သူ့ရင်ထဲတွင် ခေါင်းကိုခါယမ်းလိုက်ပြီး ရွှီမုရန်သည် ဆယ်ကျော်သက်အရွယ်ဖြစ်သည်။ ဒီအရွယ်မှာ သူ့အရင်ဘဝတုန်းက အထက်တန်းကျောင်းသားလေးပဲ ရှိသေးပြီး သူက ကလေးသာသာပဲ ရှိသေးတယ်လေ။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းTempat cerita menjadi hidup. Temukan sekarang