LAST CHRISTMAS [ U ]

870 87 13
                                    

December 24 , 1997 // 13:35 am

လေအေးအေးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို၀င်တိုက်သွားသကဲ့သို့
ချမ်းစိမ့်စိမ့်....
ထို့နောက်မှ စကားတစ်ခွန်းကို ခပ်တိုးတိုးရွတ်ဆိုမိသည်။

" အော် ဒီနေ့က Christmas Eve ပါလား "

ကားလမ်းမရဲ့အလယ်မှာလည်းကားများရှိမနေဘဲရှင်းလင်းလို့
နေတယ်။ ဒီလိုတိတ်ဆိတ်မှုမျိုးက အကောင်းဆုံးသောအထီးကျန်မှုဘဲ။ လမ်း၏ဘေး၌ ကပ်လျှောက်မနေတော့ဘဲ ကားလမ်းမရဲ့
အလည်ကို သွားကာ လျှောက်လှမ်းနေခဲ့သည်။

" သမီးငယ်လေး စာအုပ်၀ယ်ပါဦးလား အဖွားရှိက "

ခပ်ဟောင်းဟောင်းအ၀တ်နဲ့ ခန္ဓာကိုယ်မှ မှိုနံ့များက မခံစားနိုင်
လောက်အောင်ကို ဆိုးရွားလွန်းတယ်။
Last Christmas ဆိုတဲ့နာမည်နဲ့ စာအုပ်ကို ၀ယ်ပါ၀ယ်ပါလို့
တောက်လျှောက်ပြောနေသည်ကို နားမလည်နိုင်ချေ။

" တောင်းပန်ပါတယ် စာအုပ်အနံ့တွေနဲ့ allergic ရှိလို့ "

လိမ်ခဲ့တာလားမလိမ်ခဲ့တာလားဆိုတာကိုလည်း ကိုယ်တိုင်မသိပါဘူး။ စိတ်မသန့်လို့ရိုးရိုးသာ ပြောခဲ့ရုံဘဲ။ ဒီလိုထူးဆန်းနေတဲ့ဟာ
ကိုလည်းဘယ်သူက ယုံမလဲ။

" မင်းဒီစာအုပ်ကိုမ၀ယ်ရင်နောင်တရလိမ့်မယ်နော် "

" စိတ်ပျက်စရာဘဲ shit! "

လေးကန်နေတဲ့ခြေထောက်တွေကို ခပ်မြန်မြန်လျှောက်ဖို့အလုပ်
ပေးလိုက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့တယ်။ ညနက်နေတဲ့အချိန်
ကာလဖြစ်တာကြောင့် လမ်းတွင်အလင်းရောင်ဟူသည်မရှိ။
သို့ပေမဲ့ Christmas ကာလဖြစ်တာကြောင့် အချို့အိမ်တော်တော်
များများမှာတော့ မီးရောင်စုံနဲ့တောက်ပလျက်....

အချိန်ဆွဲကာ ခြေလှမ်းတွေကိုတစ်လှမ်းချင်းလှမ်းနေစဉ်...
ဘယ်အိမ်ကမှန်းမသိတဲ့ ခပ်တိုးတိုးနဲ့ နားထဲ တိုး၀င်လွယ်တဲ့
Christmas သီချင်းလေးတစ်ပုဒ်....

ထိုသီချင်းကသိပ်ကိုနာမည်ကြီးတဲ့သီချင်းဘဲ ဆိုတာချက်ချင်းသိလိုက်သည်။ သို့ပေမဲ့ သီချင်းတွေကိုမကြိုက်သူမို့ လိုက်မဆိုမိအောင် ထိန်းထားပင်မဲ့ အဆုံးသတ် အပိုဒ်လေးက ရင်ဘတ်ထဲက
အရာတွေအားလုံးကို ဖွင့်ဟပြစေဖို့ လုံလုံလောက်လောက်တွန်းအားပေးတာကြောင့် မထင်မှတ်ဘဲ သီချင်းကိုလိုက်ညဉ်းမိ
လိုက်သည်။

Last Christmas // JENLISAWhere stories live. Discover now