Arc 1.2

5.9K 659 25
                                    

Unicode

အစတုန်းက​တော့ လိပ်ပြာမလုံမှု​ကြောင့် အ​စေခံအမျိုးသမီးက ချီယွိကို ​ကောင်း​ကောင်းမွန်မွန်ဆက်ဆံ​သေး​ပေမယ့် အချိန်အ​တော်​လေးကြာပြီးတဲ့​နောက် ချီမိသားစုက ဘာမှသတိမထားမိမှန်း​သေချာသွားတာနဲ့ သူမရဲ့ ချီယွိအ​ပေါ် အပြစ်ရှိစိတ်က​နေ ကိုယ့်သားအရင်းကိုလွမ်းဆွတ်တမ်းတတဲ့ အ​ခြေအ​နေကို ​ပြောင်းသွားတယ် လိုက်​လျောညီ​ထွေစွာပဲ သူမက ချီယွိကို မုန်းသည်ထက်ပိုပိုမုန်းလာတယ်

ချီယွိ​ကြောင့်သာမဟုတ်ရင် သူမက ဒီလိုအပြစ်မျိုး ကျူးလွန်မိခဲ့မှာ မဟုတ်ဘူးလို့ ​တွေးတယ်

အ​​စေခံအမျိုးသမီးက ချီယွိကို နှိပ်စက်ငြှင်းပန်းစပြုလာတယ် သူမရဲ့ ခင်ပွန်းက​တော့ အဖြစ်မှန်ကိုမသိတဲ့အတွက် ချီယွိကို အမြဲကာကွယ်​ပေးခဲ့တယ် ဒါ​ပေမယ့် ချီယွိဟာ ချူချာအားနည်းစွာကြီးပြင်းလာရပြီး တစ်​နေ့မှာ​တော့​သွေးစစ်ရတဲ့အ​ခြေအ​နေကို ​ရောက်လာတယ်
ချီယွိရဲ့​သွေးက သူ​ရော သူ့ဇနီး​ရောနဲ့ မကိုက်ညီမှန်းသိသွားပြီးတဲ့​နောက် သူ့ဇနီးကို အသဲအသန်​သောင်းကျန်း​တော့တယ်

အ​စေခံအမျိုးသမီးလည်း ဆက်ပြီးဖုံးကွယ်ထားဖို့ မတတ်သာ​တော့တဲ့အဆုံးမှာ သူမလုပ်ခဲ့သမျှအရာအားလုံးကို ​ပြောပြလိုက်ရတယ်

သူနှစ်အကြာကြီး ပြုစုပျိုး​​​ထောင်ခဲ့တဲ့သားက သူစိမ်းဖြစ်​နေ​ကြောင်း သိသွားပြီး​နောက်မှာ​တော့ ခင်ပွန်းသည်ရဲ့ အ​တွေးအမြင်ကလည်း ​ပြောင်းလဲစပြုလာတယ်
ချီယွိက ကျန်းမာ​ရေးချူချာတာ​ကြောင့် လစဥ်လတိုင်း သူ့ရဲ့ ​ဆေးဖို့အတွက် အကုန်အကျအ​တော်​လေး များခဲ့ရတယ် နဂိုထဲကမှ မပြည့်စုံတဲ့ မိသားစုက သူ့​ကြောင့် ပိုပိုပြီး မွဲ​တေလာရတာပဲ

အ​စေခံ​ရော သူမခင်ပွန်းက ချီယွိကို မုန်းကြတယ် သူ့ကို အိမ်ထဲမှာ​သော့ပိတ်ပြီး ဆူပူရိုက်နှက်ကြတယ် ဒါ​ပေမယ့်လူသတ်​ရဲလောက်​အောင် သတ္တိမရှိတာ​ကြောင့် နှိပ်စက်ရုံကလွဲပြီး သူတို့ဘာမှဆက်မလုပ်ရဲဘူး

ချီယွိက အ​စေခံလင်မယားရဲ့ နှိပ်စက်မှု​တွေကြားမှာ ၁၂နှစ်အရွယ်ထိ ကြီးပြင်းလာခဲ့တယ်

နတ်ဘုရားအဆင့် host ၏ အချစ်​တော် system Arc 1 Onde histórias criam vida. Descubra agora