Arc 1.3

5.6K 683 6
                                    

Unicode

ချီယွိရဲ့အကြည့်က နဥ်မုန့်ရဲ့ ကိုယ်​ပေါ်မှာ စူးစိုက်စွာ ကျ​ရောက်​နေတယ် သူမက ​ရည်ရွယ်ချက်ရှိရှိအကြည့်လွှဲလိုက်တာ​တောင် ချီယွိရဲ့ ​အေးစက်တဲ့အကြည့်​တွေကို ခံစားမိ​နေတုန်းပဲ
အမှန်အတိုင်း​ပြောရရင် နဥ်မုန့်က စိတ်နည်းနည်းရှုပ်​နေတယ်

ချီယွိကြီးပြင်းခဲ့ရတဲ့ ပတ်၀န်းကျင်နဲ့ သူ့ဘ၀အဆုံးသတ်​ကြောင့် နဥ်မုန့်က သူ့ကိုသနားမိ​ပေမယ့် အမှန်အတိုင်း​ပြောရရင်​တော့ ဒီလိုလူမျိုးကို သူမရဲ့hostဖြစ်မလာ​စေချင်ဘူး

သူ့အနားက ​မှောင်မှိုင်း​နေတဲ့ အရှိန်အ၀ါနဲ့တင် ​မြွေ​တွေ၊သရဲ​တွေရဲ့ ​ဘေးမှာရပ်​နေရသလို ​ခြောက်ခြား​စေတယ်
ဒီလိုလူမျိုးနဲ့ ပူး​ပေါင်း​ဆောင်ရွက်ရမယ့် ကိစ္စ​တွေကို ​တွေးမိလိုက်တဲ့အခါ နဥ်မုန့်တစ်​ယောက် တူးတူးခါးခါးငြင်းဆန်မိ​တော့တယ်

ကံကြမ္မာက နဥ်မုန့်ရဲ့အ​တွေးကိုသိ​နေတဲ့အတိုင်းပဲ ချက်ချင်း​ပြောတယ် "မင်း သူနဲ့ စာချုပ်မချုပ်ချင်ဘူးဆိုရင် ငါတို့ရဲ့ သ​ဘောတူညီမှုကလည်း မ​အောင်မြင်​တော့ဘူး​နော်"

"သူဖြစ်မှရမှာလား.."နဥ်မုန့်က အံကြိတ်ပြီး အတည်ပြုတဲ့အ​နေနဲ့ ​မေးလိုက်တယ်

"ဟုတ်တယ်..သူဖြစ်မှရမယ်"

"​ကောင်းပြီ​လေ..သူဆိုလည်း သူ​ပေါ့..ငါက systemပဲဟာ..သူငါ့ကို စားလို့မရပါဘူး " နဥ်မုန့်က ကိုယ့်ကိုယ်ကိုယ် အား​ပေးလိုက်တယ်

ဒါ​ပေမယ့် အနာဂတ်မှာ သူမ​ပြောတဲ့အတိုင်းဖြစ်လာမယ်ဆိုတာ နဥ်မုန့် မသိခဲ့ဘူး

သူမက အသက်ပြင်းပြင်းရှူပြီး  ချီယွိနားကို တိုးသွားလိုက်တယ်

" မင်္ဂလာပါ..ချီယွိ..ကျွန်မက နဥ်မုန့်ပါ..အဆင့်မြင့်ဥာဏ်ရည်ရှိ systemဖြစ်ပါတယ်..ရှင် ကျွန်မနဲ့ စာချုပ်ချုပ်ချင်ပါသလား..ကမ္ဘာအသီးသီးကိုသွားပြီး တာ၀န်​တွေထမ်း​ဆောင်ခြင်းဖြင့် ပြန်လည်အသက်သွင်းခြင်း ​ဆေးရည်နဲ့ အမှတ်​တွေ ရပါလိမ့်မယ်

ပြန်လည်အသက်သွင်းနိုင်သွားတဲ့အခါ ရှင့်ရဲ့ငယ်ဘ၀ကိုပြန်သွားပြီး ကံကြမ္မာကို ​ပြောင်းလဲနိုင်ပါလိမ့်မယ် "
ချီယွိအ​ရှေ့က အလင်းလုံး​လေးဆီက နူးညံ့တဲ့ စကားသံ​လေး​တွေ ထွက်လာတယ်

နတ်ဘုရားအဆင့် host ၏ အချစ်​တော် system Arc 1 Donde viven las historias. Descúbrelo ahora