Part [ 14 ]

1.6K 193 77
                                    

ဖြူလွှာလွှာတိမ်အဆုပ်ဆုပ်တို့ကိုဖောက်ထွင်းဝင်ရောက်ကာလေယာဥ်သည်ကွင်းပြင်ဆီသို့ငှက်ကလေးပမာဆင်းသက်လာလေသည်။ နေကပူပူလေကမြူးမြူးဖြင့်အချိန်သည် နေ့လည်၁၁နာရီတိတိဖြစ်သည်။ ရက်သတ္တပတ်ခုနှစ်ရက်တာမျှအလွမ်းတို့သည်စက္ကန့်တိုင်းအတိုးပေါင်းထည့်ထားသည့် ကြွေးထူအလွမ်းကြီးဖြစ်နေပြီ။ ရှေ့တူရူကလှမ်းမြင်နေရသည့်လူအများကြားထဲကမသိမသာထင်းထွက်နေသည့်ထိုလူသား။ သူ့ခြေလှမ်းတွေကိုခပ်သွက်သွက်လျှောက်ရန်စေခိုင်းလိုက်၏။ မပါးမလျရိုးရိုးပန်းနုရောင်ရှပ်နှင့်အနက်ရောင်ပန်တို့ကဖြူညက်ညက်အသားအရေနှင့်လိုက်ဖက်လွန်းသည်။ နဖူးပေါ်မဝဲတဝဲဆံသားတို့နေရာယူလျက် ပကတိရောင်နီသန်းသည့်နှုတ်ခမ်းဖူးတို့ပွင့်ဟကာပုလဲလုံးညီကြိုးနဲ့သီထားသကဲ့သို့ ဖြူးဖွေးဖွေးသွားတန်းနှစ်သွယ်တို့ထိမိ၍သူ့အားရွှင်ပြုံးစွာကြိုဆိုနေ၏။ အနားရောက်တော့သူ့ကိုလက်လှမ်းပြသဖြင့်အမြန်သွားလိုက်သည်။

"မင်းမမြင်ဘူးထင်နေတာ"

သွားတန်းတို့ထင်ပေါ်နေသောနှုတ်ခမ်းတစ်စုံသည်စိပိတ်ကာအနည်းငယ်ချွန်သယောင်ယောင်ရှိသွား၏။

"ဒီလောက်ထင်းလင်းနေတဲ့လူကိုမမြင်ရအောင် ကျွန်တော်က blindဖြစ်နေတဲ့လူမဟုတ်ပါဘူးနော် တကယ်လို့မမြင်ခဲ့ရင်တောင်ကျွန်တော့စိတ်နှလုံးက Hyungဆီအရောက်ပို့ပေးမှာသေချာတယ်"

မျက်ခုံးတစ်ဖက်ပင့်၍ရယ်ကာမောကာပြောလာသူကြောင့် seokjinနှာခေါင်းရှုံ့၏။

"အပိုတွေပြောမနေနဲ့သွားမယ် မင်းကိုမျှော်နေကြတာ"

"ကျွန်တော့ကို ၇ရက်လောက်မတွေ့ရတော့လွမ်းနေကြပြီပေါ့"

"ငါတော့မပါဘူး"

အထင်တွေအမြင်တွေကြီးကျယ်နေသည့် jungkookကို seokjinသာသာနဲ့နာနာနှပ်လိုက်သည်။ ထိုသို့ပြောလိုက်သောအခါ jungkookသည်ချက်ချင်းပင်နှုတ်ခမ်းအစုံကတည်တင်းသွား၏။ ထို့နောက်သူ့ကိုလည်းတစ်ချက်လေးပင်လှည့်မကြည့်တော့ချေ။

"Jungkook"

"........."

ကားပေါ်ရောက်သည်အထိအဖြေမရှိခဲ့သောအခေါ်အဝေါ်လေးသာဖြစ်ခဲ့ရပါ၏။

Steady Principle { Completed }Where stories live. Discover now