အပိုင်း - ၇၀
{ ရှင်သန်စဥ်တွင်ရော၊ သေဆုံးချိန်တွင်ပါ ကွေကွင်းဝေးကွာခဲ့ရလျက် }
[ အရှင်ခုနစ် - နောက်ဆုံးတွဲ ]
[ တေးသံစဥ်ပြီးဆုံးခဲ့သော်ငြား
လူအများကမူ ထွက်ခွာမသွားသေးခဲ့ ]ကျင်ချီးက အိပ်ရာထက်သို့ ဒူးတစ်ဖက်ထောက်လိုက်ကာ ဝူးရှီး၏မေးစေ့အား ဆွဲကိုင်ပြီး သူ့အား မော့ကြည့်လာစေ၏။ မည်သည့်အကြောင်းကြောင့် ရင်ခုန်နေမှန်းမသိရသော ဝူးရှီး၏ ထိုမျက်ဝန်းထဲ သူ သေချာကြည့်လိုက်သောအခါ ထိုမျက်ဝန်းအိမ်များမှာ သမုဒ္ဒရာအလယ်မှ ထွက်ပေါ်လာသည့်၊ အရှားပါးဆုံးသော ပုလဲနက်များနှင့် တူညီလှပေ၏ဟု ကျင်ချီး ခံစားလိုက်ရသည်။ အစက်အပြောက် အမှုန်အမွှားလေးများပင် လုံးဝရှိမနေသည့် ထိုမျက်ဝန်းအိမ်များမှာ အချိန်ကြာကြာ ငေးကြည့်မိသောသူတိုင်းအား သိမ်းသွင်းညှို့ယူနေသလိုလို။ ထို့ကြောင့် ကျင်ချီးမှာ စိတ်မထိန်းနိုင်တော့ဘဲ ဝူးရှီး၏ မျက်တောင်စများကို လှမ်း၍ ထိတွေ့ကြည့်လိုက်သည်။
ဝူးရှီး၏လက်ချောင်းများမှာ အိပ်ရာစအား မြဲမြံစွာ ဆုပ်ကိုင်ထားရလို့၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်ခဲနေခဲ့လေပြီ။ စောနလေးကမှ ရေချိုးသန့်စင်လာခဲ့ဟန်ရသည့် ထိုယောက်ျား၏ ကိုယ်သင်းနံ့ဖျော့ဖျော့မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ဝါးမျိုခြုံလွှမ်းထားသညလိုပင်။ သူ့နှလုံးသားသည်လည်း တဒိတ်ဒိတ်နှင့် အခုန်မြန်လွန်းနေခဲ့ကာ သူ့ကိုယ်သူ ချုပ်တည်းထားနိုင်ရန် အစွမ်းကုန်ကြိုးစားနေခဲ့သည်။
နန်ကျန်းက ရှုပ်ထွေးပွေလီလှသော တာ့ချင့်ထက် လွန်စွာမှပင် ပွင့်လင်းရိုးသားလှသည်။ သူတို့ နှစ်သက်သောသူမှာ သူတို့ လိုချင်မက်မောရသောသူသာ ဖြစ်သည်။ သို့သည့်တိုင် ဤအဖြစ်မျိုးက ဖြစ်သင့်သောအရာမဟုတ်ကြောင်း ဝူးရှီး ခံစားနေရ၏။ တာ့ချင့်စာအုပ်များကို ဖတ်ရှုလေ့လာပြီးသွားသောအခါ တာ့ချင့်သားများအတွက် အရေးအပါဆုံးသောအရာမှာ ကျင့်ဝတ်ထုံးတမ်းနှင့်လျော်ညီမှုဆိုသောအရာဖြစ်ကြောင်း ဝူးရှီး သိရှိထားပေသည်။ ထိမ်းမြားခြင်းမပြုသေးသော ချစ်သူစုံတွဲများမှာ အခမ်းအနားမလုပ်ဆောင်ရသေးခင် တစ်ယောက်နှင့်တစ်ယောက်အား အကြာကြီးစိုက်ကြည့်၍ပင် မရ။
![](https://img.wattpad.com/cover/265559842-288-k37999.jpg)
YOU ARE READING
အရှင်ခုနစ် [ Completed ]
Historical Fictionချစ်ခြင်းတစ်ခုကြောင့် ခုနစ်ဘဝခုနစ်လီ ကျင်လည်ခဲ့အပြီး နောက်ဆုံးခုနစ်ဘဝမြောက်မှာ ပထမမြောက်ဘဝကို ပြန်ရောက်လာတဲ့ ကျင်ပေယွမ်းဟာ အရင်ဘဝရဲ့ လမ်းဟောင်းအတိုင်းမဟုတ်ဘဲ ရွေးချယ်မှုအသစ်တွေ ပြုလုပ်ခဲ့တယ်။ ဒီရွေးချယ်မှုအသစ်တွေက သူ့ကို အသေဆိုးနဲ့ စောစောစီးစီး မသေရ...