24(U/Z)

364 30 0
                                    

Unicode

 အခန်းတံခါးကိုဖွင့်ကာချောင်းလိုက်တော့
ဧည့်ခန်းထဲမှာ လူတစ်ယောက်မှ မတွေ့ရတာကြောင့် ကျိရန်လည်း ခြေလှမ်းကိုခပ်ဖွဖွလှမ်းရင်း အိမ်တံခါးဆီ မြန်မြန်လျှောက်သွားလိုက်သည်။

"စုန့်ကျိရန်...ဒါကဘယ်လဲ..."

တံခါးနားရောက်ခါနီး လက်တစ်ကမ်းအလိုကျမှ နောက်ကထွက်လာသော ပါးအသံကြောင့် ကျိရန်လည်း ရယ်ကျဲကျဲနှင့် အိမ်ထဲဘက်ကိုပြန်လှည့်လိုက်ကာ.....

"ပါးက အလုပ်မသွားသေးဘူးလား...ကျွန်တော် ဘယ်မှမသွားပါဘူး..အညောင်းပြေအညာပြေ ခြံထဲဆင်းပြီး
လမ်းလျှောက်မလို့ပါ..."

"လမ်းလျှောက်ချင်တာများ ခြံထဲဆင်းစရာမလိုပါဘူး...အိမ်ထဲမှာပဲပတ်လျှောက်နေ...ဒါမှ မကျေနပ်သေးရင် လှေကားကိုအတက်အဆင်းလုပ်နေ..ကျန်းမာရေးအတွက်ကောင်းတာပေါ့..."

ပါးဖြစ်သူ၏အငေါ့တူးစကားကြောင့် ကျိရန်လည်း လက်ထဲက ကိုင်ထားသောကျောပိုးအိတ်ကို ဆိုဖာပေါ်ပစ်ချလိုက်ပြီး
လူပါ ဆိုဖာပေါ်ပစ်ထိုင်လိုက်သည်။

"ပါး...ကျွန်တော်ရဲဝန်ထမ်းလုပ်မယ်ဆိုတုန်းကတောင် မကန့်ကွက်ခဲ့ပဲနဲ့ အခုကျမှ ဘာလို့အိမ်ထဲကအိမ်ပြင်မထွက်ခိုင်းရတာလဲ..."

စုန့်လူကြီးမင်းလည်း မျက်မှန်ကို ပင့်တင်လိုက်ပြီး... ကျိရန်နှင့် မျက်နှာချင်းဆိုင်ဆိုဖာမှာဝင်ထိုင်လိုက်ကာ.....

"မင်းကို ရဲဝန်ထမ်းလုပ်ဖို့ခွင့်ပြုပေးတယ်ဆိုတာဟုတ်တယ်...ဒါပေမဲ့ အန္တရယ်များတဲ့ကိစ္စတွေထိ ဝင်ပါခိုင်းထားတာမဟုတ်ဘူး...ငါ့မှာ မျိုးရိုးဆက်ခံမယ့်သူဆိုလို့ မင်းဘဲရှိတာ...တစ်ခုခုအဖြစ်မခံနိုင်ဘူး..."

"ကျွန်တော်က ဘာတွေလုပ်နေလို့လဲ..."

"မင်း ကျင်းကုမ္ပဏီအကြောင်းကိုစုံစမ်းနေတာမလား....သူတို့က အန္တရယ်ရှိတဲ့သူတွေ... ငါ့သားကိုအန္တရယ်တောထဲမှာဒီအတိုင်းပစ်မထားနိုင်ဘူး..."

ကျိရန် ပါးစကားကြောင့်....

"ကျင်းကုမ္ပဏီက မရိုးရှင်းဘူးပေါ့...ပါးဘာတွေသိထားသေးလဲ..."

 I really need you(Completed)Where stories live. Discover now