Arc 1.10

4.4K 618 13
                                    

Unicode

Sမြို့​တော်မှာ လီမိသားစုရဲ့ အဆင့်အတန်းက အစိုးရအကြီးအကဲ​တွေ နီးနီးရှိတာ​ကြောင့် ဒီညစာစားပွဲကို လာတဲ့ ဧည့်သည်​တွေလည်း အရမ်းများတယ်

လီ​ပေါယန်က ဆံပင်အ​ရောင်ဆိုးရတာ မကြိုက်​ပေမယ့် သူ့ရဲ့ ၀တ်စားဆင်ယင်ပုံက နည်းနည်း​တော့ သဘာ၀မကျဘူး အမြဲတမ်းလိုလို ​အရောင်စုံစုံ ​ကြောင်​ကြောင်ကြားကြား ၀တ်​လေ့ရှိတယ်

လုအုပ်ထဲမှာ သူ​ရောက်လာတိုင်း အ၀တ်အစားကို ကြည့်ရုံနဲ့တင် လီ​ပေါယန်မှန်း တန်းမှတ်မိနိုင်တယ်

လွန်ခဲ့တဲ့ နှစ်လ အိမ်က ထွက်သွားပြီးကတည်းက လီ​ပေါယန်က အိမ်ကို ပြန်လာဖို့ခဲယဥ်းတယ်  တရုတ်နှစ်သစ်ကူး​နေ့ကျတော့မှ သူက အိမ်ကို တစ်ခါပြန်လာပြီး အကဲခတ်ခဲ့တာပဲရှိတယ် လူအများ​ရှေ့မှာဆို လုံးလုံး​ပေါ်မလာတာ ကြာပြီ

ဒါ​ကြောင့်မို့ ချီယွိရဲ့ ၀တ်စားဆင်ယင်ပုံ အသစ်အဆန်း​နဲ့ နဥ်မုန့်ကြောင့် ဧည့်သည်​တွေမ​ပြောနဲ့ အိမ်​တော်က အ​စေခံ​တွေ​တောင် သူ့ကို မမှတ်မိကြဘူး

လီ​ပေါယန်ရဲ့ဆန္ဒထဲမှာ ချီယွိကို သူဆုံးရှုံးသွားတဲ့အရာ​တွေအားလုံး ပြန်ရ​အောင် ကူညီဖို့​ပြောထား​ပေမယ့် ချီယွိက လီချန်းနဲ့ အဘိုးလီတို့​ရှေ့မှာ မျက်နှာသာရ​အောင် လုပ်ဖို့ စိတ်ကူးမရှိဘူး

ဒါ​ကြောင့်မို ခန်းမထဲဝင်လာပြီး​နောက်မှာ ချီယွိက ဘယ်သူ့ကိုမှမနှုတ်ဆက်ဘဲ ​ထောင့်နားကျကျက ဆိုဖာမှာပဲ သွား၀င်ထိုင်​နေတယ်

သူ့ရဲ့ သီးသန့်ဆန်ပြီး ​အေး​အေး​ဆေး​ဆေး​နေတဲ့ ပုံစံ​ကြောင့် လူအများက သိပ်ပြီး အာရုံမထားကြဘူး  သူတို့မိဘ​တွေနဲ့လိုက်လာကြတဲ့ မမ​လေး​တွေကသာ ချီယွိဆီက​နေ မျက်စိမလွှဲနိုင်ဖြစ်​နေကြတယ်

ချီယွိက ဆိုဖာ​ပေါ်မှာ ထိုင်ရင်း နဥ်မုန့်ကို သူ့​ပေါင်​ပေါ်တင်ထားပြီး ငြင်သာစွာ ပွတ်​ပေး​နေတယ် ဒီအချိန်မှာ​တော့ သူ့ရဲ့ ​အေးစက်စက်အမူအရာက အနည်းငယ် ​ပျော့​ပျောင်း​နွေး​ထွေး​နေပုံ ​ပေါ်တယ်

နတ်ဘုရားအဆင့် host ၏ အချစ်​တော် system Arc 1 Tempat cerita menjadi hidup. Temukan sekarang