'Universe International School'
'တီတီ ... ဒီဘက် ဒီဘက်'
ပထမဆုံးလိုက်ပို့ဖူးသည်မို့ ကျောင်းကနေရာတွေကိုအတိအကျမသိသည့် လင်းလက်ကို ရှယ်လီက
လမ်းညွှန်ပေးနေသည်။ လေးနှစ်ကြာမှ
ပြန်ရောက်လာသည်မို့ လင်းလက်
ကျောင်းကိုပင် Google Mapအကူအညီနှင့်
လာခဲ့ရသည်။'See you တီတီ'
'See you သမီးလေး'
လင်းလက်ကိုနှုတ်ဆက်ပြီး ရှယ်လီလေးကားပေါ်က
ဆင်းသွားသည်။ လင်းလက်ကားကိုပြန်ကွေ့လိုက်သည်။
ကျောင်း Ferry တစ်စီးလည်း လင်းလက်ကားဘေးက
ဖြတ်သွားသည်။'ဟင် ... စင်'
လင်းလက်ကားဘက်မှန်က အမှတ်မထင်မြင်လိုက်ရသည့်
ပုံရိပ်ကြောင့်ကားကိုရပ်လိုက်သည်။'တီ ... တီ'
ကျောင်းပို့ကျောင်းကြိုချိန်မို့ ကျောင်းရှေ့မှာ
ကားတွေနှင့်ပြည့်နေသည်။ နောက်ကားက
ဟွန်းတီးနေသည်မို့ လင်းလက် လီဗာကို
ပြန်နင်းလိုက်သည်။'တူတာပဲနေမှာပါ'
'ဟုတ်နေတယ်ဆိုရင်တောင် ငါ့မှာသူ့ကိုတွေ့ခွင့်ရှိလို့လား'
လင်းလက်အတွေးတွေကိုပြောင်းပစ်လိုက်သည်။
အရာရာကသူ့နေရာနဲ့သူနေသားကျနေတဲ့အခြေအနေ
ဖြစ်နေပြီပဲ။ ပြီးခဲ့တာတွေပြီးပါစေတော့ ...။▪️▪️▪️
'Good Morning T Chal'
'Morning Shally'
ဂုတ်ဝဲဆံပင်အတိုလေးကိုနှစ်ဖက်ခွဲချည်ထားပြီး
ရယ်လိုက်ရင်ပါးချိုင့်လေးတွေပေါ်လာသည့်
ရှယ်လီကအရမ်းကိုချစ်စရာကောင်းသည်။
အတန်းထဲတွင်လည်းအသွက်ဆုံးကလေးလည်း
ဖြစ်သည်။ ကလေးအားလုံးကိုချစ်သည်ဆိုပေမယ့်
သွက်သွက်လက်လက်ရှိသည့်အပြင်
ချွဲတတ်သည့်ရှယ်လီကိုတော့ စင် ပိုဂရုစိုက်မိသည်။'T Chal , Here's a present for you'
'Oh! Thank you so much Shally'ရှယ်လီ့ခေါင်းလေးကို စင် အသာအယာပုတ်ပြီး
ကျေးဇူးတင်စကားပြောလိုက်သည်။
ရှယ်လီဆွဲခဲ့သည့်ပန်းချီပုံလေးအောက်က
'My History Teacher'ဆိုသည့်
စာသားလေးကိုကြည့်ပြီး စင်ပြုံးလိုက််မိပြန်သည်။