Unicode;
Jeon Group ရဲ့တစ်ဦးတည်းသောဆက်ခံသူက
သူ့ယောက်ျားနဲ့အကျပ်ကိုင်ခြိမ်းခြောက်ခဲ့လို့
Lesson ပေးခဲ့တယ်ဆိုတဲ့ခေါင်းစည်းနဲ့သတင်းသည် တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းသတင်းစာတိုင်းတွင် ခေါင်းကြီးပိုင်းသတင်းတစ်ပုဒ်အနေနှင့်ပါလာသည်။မီဒီယာ၊SNS များပေါ်တွင်လဲ JeonJungkook နဲ့ သူ့အိမ်ထောင်ဖက် ParkJimin အကြောင်းကသာကြီးစိုးနေကာ ချစ်တတ်လွန်းတဲ့ Jeon ဘက်ကရပ်တည်သူတွေနဲ့ ခြိမ်းခြောက်တာလောက်ကိုသေမတတ်ပြန်လုပ်ခဲ့လို့ Jeon ကိုသူဌေးသားလူဆိုးတစ်ယောက်အဖြစ်သတ်မှတ်နေကြသူတွေကြား ပွဲတွေဖြစ်နေသည်မှာ တစ်နေ့တစ်ခြားပိုပိုဆိုးဝါးလာတော့သည်။
လမ်းလျှောက်ထွက်လာရင်း ကြည့်လာမိတဲ့ဖုန်းကိုပိတ်ကာ အကျီအိတ်ထဲပြန်ထည့်လိုက်သည်။
အခုချိန်သူ့ရင်ထဲမှာ ဘာမှမရှိတော့ပေ။
Min အကြောင်းတွေကြားရလဲ စိတ်ပါလက်ပါပြုံးနိုင်နေပြီဖြစ်သည်။
ရင်ထဲမှာအမြစ်တွယ်ခဲ့တဲ့ဒဏ်ရာတွေ
တဖြည်းဖြည်းနဲ့အနာကျက်လာပုံပေါ်ပါသည်။
အင်း.... Nickname ပြောင်းသင့်ပြီထင်တယ်။"Hyung"
ကားတစ်စီးနှင့်ဆိုင်ကယ်တစ်စီးယှဉ်သွားလို့ရရုံ
ကတ္တရာလမ်းလေးပေါ် တစ်လှမ်းချင်းလျှောက်နေရင်း ခေါ်သံကြောင့်ဘေးဘီဝဲယာကိုကြည့်မိတော့ စတော်ဘယ်ရီခြံတစ်ခုထဲကနေ လက်ပြနေတဲ့ Eunwoo........။
စတော်ဘယ်ရီပင်တွေကြားကနေ ခုန်ဆွခုန်ဆွလုပ်ကာ ခေါ်နေတာမို့ ကတ္တရာလေးမှ မြေနီလမ်းလေးဆီချိုးကွေ့လိုက်ကာ စတော်ဘယ်ရီစိုက်ခင်းဆီဦးတည်သွားလိုက်သည်။ဒီမြို့လေးသည်အေးစိမ့်စိမ့်နှင့်အတော်နေလို့ကောင်းသည်မို့ သူရောက်နေသည်မှာအတော်ကြာပြီဖြစ်သော်လည်းမပြန်ချင်သေးပေ။
Eunwoo က နေပူခံတဲ့ဦးထုပ်အဝိုင်းလေးကိုဆောင်းထားကာ အနွေးထည်နီရဲရဲလေးနှင့် သူ့ထံပြေးလာသည်မှာ 16 နှစ်သားလေးလိုပင်။
"ကျွန်တော်တို့စတော်ဘယ်ရီခြံက ဒီနှစ်ဖြစ်ထွန်းလိုက်တာဗျာ....လုံးပိန်လုံးညှပ်မဖြစ်ပဲ အလုံးကောင်းတွေချည်းရတယ်"

YOU ARE READING
I hate you, I love you [Complete]
Fanfictionစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤