Unicode
ချီယွိက ကျန်းဟွာပင်းကို ကျေးဇူးတင်စကားပြောလိုက်တယ် "ဒီတစ်ကြိမ်အတွက် ကျေးဇူးပါ ဦးလေး"
"ကောင်လေး..ငါတို့က တစ်မိသားစုထဲပဲလေ..ဘာတွေ ကျေးဇူးတင်စရာလိုလို့လဲ" ကျန်းဟွာပင်းက လက်ဖက်ရည်ခွက်ကို ချပြီး သူ့အရှေ့က လူငယ်လေးကို ကြည့်လိုက်တယ်
ဒီကလေးက သူ့ညီမငယ်နဲ့တစ်ပုံစံထဲမို့ ကျန်းမိန်မိန်ကို သတိရစေတယ်
ကျန်းဟွာပင်းဟာ ၀မ်းနည်းလာလို့ စကားပြောတဲ့ လေသံကပါ နည်းနည်း နှေးသွားတယ် "ငါသာ မင်းတို့သားအမိကို စောစောစီးစီး ရှာတွေ့ခဲ့မယ်ဆိုရင် မိန်မိန်တစ်ယောက် အခုလို စိတ်ဆင်းရဲကြီးစွာ ဆုံးသွားခဲ့ရမှာမဟုတ်သလို မင်းလည်း ပင်ပန်းတဲ့အချိန်တွေကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရမှာမဟုတ်ဘူး..လူလေး..ဒီနှစ်တွေမှာ..မင်း ပင်ပန်းခဲ့ရပြီ"
"ဒါက ပင်ပန်းစရာမဟုတ်ပါဘူး..ပြီးတော့ အမေကလည်း ဦးလေးတို့ကို တစ်ချိန်လုံး သတိရနေခဲ့တာပါ သူမ ဆုံးခါနီးတုန်းက အမေက ကျွန်တော့်ကို တိတ်တိတ်လေးပြောပြခဲ့တယ် သူမက ကျန်းမိသားစုကို အရှက်ရစေခဲ့သလို လူတိုင်းရဲ့ဂရုစိုက်မှုကိုလည်း စိတ်ပျက်စေခဲ့တယ်တဲ့" ချီယွိက ခေါင်းငုံ့ပြီး ၀မ်းနည်းစွာ ပြောလိုက်တယ်
လူငယ်လေးက ခေါင်းငုံ့ထားတာကြောင့် သူ့မျက်နှာကို မမြင်ရပေမယ့် သူ့ရဲ့ တုန်ရီနေတဲ့ လေသံကို နားထောင်ရုံနဲ့ သူဘယ်လောက်၀မ်းနည်းနေတယ်ဆိုတာကို သိနိုင်တယ်
ချီယွိရဲ့ ဒီသရုပ်ဆောင်မှုက ကျန်းဟွာပင်းကိုသာ မကဘဲ နဥ်မုန့်ကိုတောင် စိတ်လှုပ်ရှားသွားစေတယ်ချီယွိနဲ့ကျန်းဟွားပင်းတို့ လက်ဖက်ရည်အတူသောက်ပြီးတဲ့အချိန်ကစပြီး လီမိသားစုရဲ့ ကံကြမ္မာက ပိုပိုပြီး ဆိုးရွားလာတယ်
စတော့ရှယ်ယာစျေးတွေကျသွားရုံ သာမက စီးပွားရေးလုပ်ငန်းတွေမှာ ပါ၀င်ထားတဲ့ ရင်းနှီးမြှုပ်နှံသူ အများအပြားက သူတို့ရဲ့ ငွေတွေကို ပြန်လည်ထုတ်ယူချင်ကြောင်း တောင်းဆိုလာကြတယ်
ŞİMDİ OKUDUĞUN
နတ်ဘုရားအဆင့် host ၏ အချစ်တော် system Arc 1