Arc 1.21

4.2K 574 1
                                    

Unicode

နောက်​နေ့မနက်မှာ ကျန်းဟွာပင်းက ချီယွိနဲ့နဥ်မုန့်တို့ကို ၉နာရီမထိုးခင် လာကြိုခဲ့တယ်

ချီယွိက အကုန်ပြင်ဆင်ပြီးပြီ

ဒါ​ပေမယ့် ကျန်းဟွာပင်းက သူ့လက်ထဲက နဥ်မုန့်ကို ကြည့်ပြီး​ပြောလိုက်တယ် "ဒီ​ကြောင်​လေးက လိုက်ဖို့လိုလို့လားကွာ"

"ဟုတ်ကဲ့" ချီယွိက နဥ်မုန့်ရဲ့ အ​မွှေးထူထူ​ခေါင်း​လေးကို ပွတ်​ပေးရင်း ​ပြောလိုက်တယ်

နဥ်မုန့်က အ​ရေးကြီးတဲ့​အဆင့်အတန်းမှာပါ၀င်​နေတဲ့ ဦး​လေးဟွာပင်းက သူမကို လိုက်ခွင့်မပြုမှာ စိတ်ပူပြီး အမြန်အသံပြုလိုက်တယ်

သူမရဲ့ အသံ​လေးက နူးညံ့ငြင်သာ​နေတယ်

နဥ်မုန့်ရဲ့ ​ချစ်စဖွယ် ကြောင်မျက်လုံး၀ိုင်း၀ိုင်း​​လေး​တွေနဲ့ တိုက်ခိုက်ခံလိုက်ရတဲ့ အခါမှာ​တော့ ဦး​လေးဟွာပင်းရဲ့ နှလုံးသားက ​ပျော့​ပျောင်းသွား​တော့တယ်

သူက အသာအယာပြုံးပြီး ချီယွိကို ​ပြောတယ် "မင်းသူ့ကို ​ခေါ်ချင်တယ်ဆိုရင် ​ခေါ်ခဲ့​ပေါ့ကွာ..ဒါနဲ့ မင်း​ကြောင်​လေးက အ​တော်​လေး နားလည်ပြီး မ​ကြောက်တတ်ဘူးပဲကွ"

ကျန်းဟွာပင်းရဲ့ ချီးမွမ်းမှုက ချီယွိကို သူ့တိရစ္ဆာန်​လေး ကို အ​ကောင်း​ပြောခံလိုက်ရတဲ့အတွက် ​ကျေနပ်သွား​စေတယ်လို့ ထင်ပါသလား...

အဲ့အစားသူက သူ့ရဲ့ အဖိုးတန်လျှို့၀ှက်ချက်​လေးကို သူများရှာ​တွေ့သွားတဲ့အတိုင်း မ​ကျေမနပ်ဖြစ်သွားခဲ့​လေတယ်

ဒါ​ပေမယ့်သူက ခံစားချက်ကို မျက်နှာမှာ ထုတ်မပြဘဲ နဥ်မုန့်ကို ကျန်းဟွာပင်း မမြင်ရ​အောင် လက်​ပြောင်းချီလိုက်တယ် "သွားကြစို့​လေ"

ကျန်းဟွာပင်းက ကား​မောင်းပြီး နဥ်မုန့်နဲ့ ချီယွိတို့က အ​နောက်ခန်းမှာ ထိုင်ကြတယ်

ဒီတစ်ခါ​တော့ ချီယွိက သူမကို ချီမထားဘူး

သူက သူမကို သူ့​ဘေးမှာ ချထား​ပေးတယ်

ပြီး​တော့ သူက  လက်ထဲက စာချုပ်ကို စူးစိုက်စွာ ကြည့်​နေတယ်

နတ်ဘုရားအဆင့် host ၏ အချစ်​တော် system Arc 1 Donde viven las historias. Descúbrelo ahora