Don't call me

2.2K 172 58
                                    

- ♡ -

"Harutoက တကယ်ကြီးမုန်းစရာကောင်းလိုက်တာ.!!"

မျက်မှောင်ကျုတ်ထားရင်း အော်ပြောလာတဲ့ အသံသေးသေးလေးကြောင့် ဘေးကJeongwooမှာ 'ဘာဖြစ်ရပြန်တာလဲ' ဆိုတဲ့အကြည့်နဲ့သာကြည့်နေပေးလိုက်သည်။ JunKyuအကြောင်းအူမချေးခါးကအစသိတာမို့ ဘာမဟုတ်တာလေးနဲ့စိတ်ဆိုးလာပြီဆိုတာရိပ်စားမိပါသည်။ Harutoဆိုသည်မှာလည်းတကယ့်အကောင်...Junkyuမြင်တာနဲ့ကို စနောက်ဖို့လောက်ပဲခေါင်းထဲမှာရှိသည်။

​"Rutoကမင်းကိုဘာလုပ်လိုက်ပြန်ပြီလဲ.."

"မင်းပဲစဥ်းစားကြည့်..ငါစိတ်မတိုပဲနေမလားဆိုတာ.. ဟိုရက်ပိုင်းလောက်ကဝယ်ထားတဲ့ ငါ့ရဲ့အိတ်အသစ်ပေါ်ကို Rutoကအအေးမှောက်ချပစ်လိုက်တယ်လေ.."

နှုတ်ခမ်းလေးဆူကာပြောရင်း မျက်ရည်လေးတွေရစ်ဝိုင်းလာတဲ့Junkyuကြောင့် Jeongwooလည်းစိတ်မကောင်း ။ Junkyuစိတ်ဆိုးလည်းဆိုးချင်စရာ အသစ်ဝယ်ထားတာမကြာသေးတဲ့ ထိုအိတ်ကို Junkyuတော်တော်လေးတန်ဖိုးထားပုံရသည် ။ ကျောင်းကိုလာတိုင်း သူ့အိတ်ကောင်းတဲ့အကြောင်း ကောင်းခန်းဋီကာဖွင့်ရသည်မှာ နေ့စဥ်နေ့တိုင်း ။ ကြာတော့Jeongwooတောင်တဖြည်းဖြည်း နားမခံနိုင်အောင်ငြီးငွေ့လာတဲ့အထိ ။
Junkyuအဲလောက် တန်ဖိုးထားတဲ့အိတ်ပေါ်ကိုမှ Harutoကလည်း အအေးမှောက်ချပစ်ရတယ်လို့ ။ Junkyuကအဲဒီ့အိတ်ကို ဘယ်လောက်ကြိုက်သလဲဆိုတာသူကိုယ်တိုင်လည်းအသိဆုံးကိို။

"ဒါသူတမင်သက်သက်လုပ်တာ ငါတန်ဖိုးထားမှန်းသိလို့ကို သူတမင်သက်သက် ဖျက်စီးပစ်တာ!! ကြည့်နေ ဒီကိစ္စလုံးဝမကျေပေးနိုင်ဘူး.."

"မင်းဘက်ကမကျေပေးနိုင်ဘူးသာပြောတာ ဟိုမှာက မင်းအိတ်ကိစ္စကိုရောမင်းကိုရောခေါင်းထဲရှိပုံတောင်မရဘူး .. အခုပဲကြည့် အခန်းရှေ့မှာ ကောင်မလေးတရုန်းရုန်းနဲ့..."

တကယ်ပါ ။ Jeongwooပြောလို့ကြည့်လိုက်တော့ အပြင်မှာ ကျောင်းက အချောအလှလေး3 ၊ 4ယောက်လောက်နဲ့ စုကာရပ်နေပြီး ဘာတွေပြောနေကြတာလဲမသိ ။Harutoက မကောင်းတဲ့ကောင်ပဲ..ငါ့ကိုကျဒုက္ခတွေပေးပြီး သူကတော့ ကောင်မလေးတွေနဲ့ပျော်နေတယ်..မုန်းစရာတုံးကြီး!!

Don't call me ko ko | kyuto | ✓Where stories live. Discover now