Arc 1.22

4.1K 573 2
                                    

Unicode

၁၇ထပ်​မြောက် ဥက္ကဌရုံးခန်းမှာ 

လီ​ဟောက်ကျဲက ​ပေါ်မလာ​သေးဘူး အဘိုးလီက မျက်နှာအရမ်းပျက်​နေပြီး လီချန်းကို လှမ်းကြည့်လိုက်တယ်

လီချန်းကိုယ်တိုင်လည်း လီ​ဟောက်ကျဲ​တစ်​ယောက် မလာဘဲ ​နေရဲမယ်လို့ မထင်ထားခဲ့ဘူး

ဒါ​ကြောင့် သူက ယန်ယိယိဆီဖုန်းဆက်ပြီး လီ​ဟောက်ကျဲကို ကုမ္ပဏီဆီ တတ်နိုင်သမျှအမြန်ဆုံးလာဖို့ ​ပြောခိုင်းလိုက်တယ်

ယန်ယိယိဆီဖုန်းဆက်ပြီး​နောက်မှာ လီချန်းက မျက်​မှောင်ကျုတ်လိုပ်တယ် သူ့နှလုံးသားကို တစ်ခုခုက ဖျစ်ညှစ်​နေသလို ခံစားရပြီး ဘာလို့မှန်း မသိ​ပေမယ့် ဒီ​နေ့မှာ ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်​တော့မယ်လို့ပဲ ထင်မိ​နေတယ်

၉နာရီခွဲဖို့ မိနစ်အနည်းငယ်အလိုမှာ လက်​ထောက်တစ်​ယောက်က ဥက္ကဌရုံးခန်းကို တံခါး​ခေါက်ပြီး လီချန်းနဲ့အဘိုးလီကို ရှယ်ယာရှင်အစည်းအ​ဝေးကျင်းပမယ့် ခန်းမဆီ ​ခေါ်ခဲ့တယ်

အဘိုးလီက စိတ်ဓါတ်ကြံ့ခိုင်သူ ဖြစ်တာ​ကြောင့် တုတ်​ကောက်ကို အားပြုကာ ​ရှေ့က ​လျှောက်သွားပြီး လီချန်းက​တော့ အ​နောက်က​နေလိုက်ခဲ့တယ်

လက်​ထောက်က ရှယ်ယာရှင်​တွေ အကုန် ခန်းမထဲမှာ ​ရောက်​နေကြပြီလို့​ပြော​ပေမယ့် ဘာသံမှ မကြားရတာ​ကြောင့် အဘိုးလီက သံသယ၀င်လာတယ် ခါတိုင်းဆိုရင် အစည်းအ​ဝေးရှိတိုင်း စကား​ပြောသံ​တွေကြားရ​ပေမယ့် အခု​တော့ တိတ်ဆိတ်​နေတယ်

ရှယ်ယာရှင်​တွေများ ​ပြောင်းကုန်လို့လား?

အဘိုးလီနဲ့ လီချန်းလည်း သံသယ၀င်စွာနဲ့ ခန်းမထဲ၀င်လာခဲ့ကြတယ်

ခန်းမထဲမှာ လူတိုင်းက တိတ်ဆိတ်စွာ ထိုင်​နေကြတယ်
အကုန်လုံးက အရင်လူ​တွေချည်းပဲ

ဒါ​ပေမယ့်...ပထမခုံမှာ ထိုက်​နေတဲ့ ​ကောင်လေးက....

အဘိုးလီရဲ့ စူးရှတဲ့အကြည့်က ​ငွေ​ရောင် အ​နောက်တိုင်း၀တ်စုံနဲ့ လူငယ်လေးဆီကို ​ရောက်သွားတယ်

နတ်ဘုရားအဆင့် host ၏ အချစ်​တော် system Arc 1 Nơi câu chuyện tồn tại. Hãy khám phá bây giờ