မနက်ခင်းနေရောင်ခြည်စတင်ထွက်ပေါ်လာပြီးလူတို့ရဲ့လှုပ်ရှားတက်ကြွသံများဖြင့်ပြည့်နှက်နေခဲ့သော်လဲ ခဲရောင်စံအိမ်တစ်ခုကတော့တိတ်ဆိတ်နေခဲ့သည်။
ရှောင်းစံအိမ်တော်....
တစ်ချိန်ကမြင့်မြတ်ပြီးအရှိန်အဝါဖြင့်ရပ်တည်ခဲ့သောစံအိမ်ကြီးကအခုတော့တိတ်ဆိတ်မှုအလုံးစုံတို့ဖြင့်ငြိမ်သက်နေသည် စံအိမ်အနေအထားကတင့်တယ်ကြီးမားကာတော်ဝင်ဆန်ပြီးလှပနေသော်ညားအသက်ဝင်မှုကကင်းမဲ့လွန်းလှသည်။
ထိုအိမ်ထဲတွင်တော့ ဖုန်းထဲကသီချင်းလေးဖွင့်ကာ ဆိုဖာခုံပေါ်လှဲအိပ်နေပြီးလွတ်နေသည့်ခြေထောက်များကိုလေထဲလွှဲရမ်းကာသီချင်းလိုက်ညည်းနေသည့်ကောင်လေးတစ်ယောက်...
တိတိကျကျပြောရမည်ဆိုလျှင် ဆေးလိပ်တစ်လိပ်ကိုပါလက်ထဲကိုင်ပြီးလောကကြီးကိုအမှုမထားသလိုမျိုးဆေးလိပ်ငွေ့များကိုရှိုက်နေသည့်အိမ်တော်သခင်လေးရှောင်းကျန့်...
ရှောင်းကျန့်မိဘများက လွန်ခဲ့သည့်သုံးနှစ်ကထဲကလေယာဥ်ပျက်ကျမှုတစ်ခုထဲတွင်ပါသွားခဲ့သည် ထိုအချိန်ကတည်းကရှောင်ကျန့်မငိုတတ်ခဲ့တော့တာ ...သုံးနှစ်တိတိပြည့်ခဲ့ပြီ ငယ်ငယ်ထဲကမိဘအလိုလိုက်မှုအောက်ဆိုးသွမ်းပြီးပေါ့ပေါ့နေတတ်သည့်သခင်လေးဖြစ်ခဲ့သော်လဲ ... တကယ်တန်းတော့သူတခြားသူတွေထပ်ပိုကြိုးစားခဲ့ပါသည် အရာရာမှာကိုပိုကြိုးစားခဲ့သည် ထုတ်မပြခဲ့ရုံလေး သူ့အဖေအလုပ်တွေကိုလက်လွှဲယူရမှာဝန်လေးနေခဲ့ရုံလေး . . . ဒါပေမယ့်အလုပ်မလုပ်ချင်တဲ့သူ့ကိုသူ့မိဘတွေက တစ်နည်းနည်းဖြင့်ဆုံးမသွားခဲ့ပြီလေ ဆွေမရှိမျိုးမရှိတစ်ကောင်ကြွက် သခင်လေးအနေအထားဖြင့်ပေါ့ ... သူ့ပျင်းရိမှုကြောင့်သူ့အဖေအသေတောင်ဖြောင့်သွားရဲ့လားမသိ ... ထိုသို့တွေးမိကာရှောင်ကျန့်ရီမိတော့သီးသွားပြီးချောင်းတစ်ဟွတ်ဟွတ်ဆိုးလေသည် ပြင်းပြင်းထန်ထန်ချောင်းဆိုးလိုက်မိသောကြောင့်ရင်ဘက်တစ်နေရာကပါစူးပြီးအောင့်လာ၍ထိုနေရာအားလက်သည်များနစ်ဝင်သွားသည်အထိဖိထားပြီးနာကြင်မှုများကိုထုံထိုင်းသွားစေရန်ပြုမူမိသည်။
YOU ARE READING
Possive love
FanfictionIdol များအားထိခိုက်စေလိုက်ခြင်းမရှိပါ Cover photo အား Crd ပေးပါ၏