"ဟင် Jeon ...
ဒီကို ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ?"နားနေခန်းတံခါးဖွင့်ဖွင့်ချင်း တွေ့လိုက်ရတဲ့
မျက်နှာချောချောဟာ ချက်ချင်းထိုင်ရာက ထလာပြီး
ခါးတွေကို ဆွဲဖက်လာခဲ့တာမို့
အခန်းတံခါးကို အမြန်ဆွဲပိတ်ပြီး လော့ချလိုက်ရသည်။"မောင် လွမ်းနေတာ ... Honey ကို "
ချက်ချင်းကောက်ချီလိုက်ပြီး
ခြေထောက်တွေကို ခါးမှာ ချိတ်စေလိုက်တဲ့သူ ...။လည်တိုင်တွေကို အငမ်းမရ ရှိုက်နမ်းလာခဲ့ရင်း
ညုတုတုဆိုလာခဲ့တော့ ဆူပူလိုက်မည့်
အတွေးတွေသည် ကြက်ပျောက် ငှက်ပျောက် ....။"ကိုယ့်စီ ဖုန်းဆက်ရောပေါ့ Jeon ရဲ့
လာတွေ့မှာပေါ့ ... ဒီလိုကျ မတော်တဆ
တစ်ယောက်ယောက်များ မြင်သွားခဲ့ရင်....""မြင်ကြည့်ပါလား ...
နောက်နေ့ မနက်စာမစားရတော့ပဲ ဖြစ်သွားမယ်""ကြမ်းတမ်းလိုက်တာ..."
လည်ပင်းက ဆွဲကြိုးခပ်ကြီးကြီးကို
လက်နဲ့ မထိတထိလုပ်ရင်း ပြုံးယဲ့ယဲ့နဲ့
ဆိုလာတဲ့ စကား .....။လွင့်တာပေါ့....မျောရတာမှ ကမ္ဘာတစ်ဆုံး
ဒီအပြုံး ... ဒီအသံ .... ဒီအပြုအမူတွေ
တစ်ခုချင်းစီတိုင်းဟာ မူးယစ်ဆေးပဲ .....။Jeon ရေ မူးယစ်ဆေးရောင်းပြီး
ဘာကြောင့် ဆေးမစွဲရသလဲ လို့ မေးလာခဲ့ရင်
ဒီမျက်ဝန်းကျဉ်းတွေက အဖြေပဲလေ ....။မျက်ဝန်းကျဉ်းကျဉ်းတွေက စူးစိုက်ကြည့်လာတိုင်း
အရာရာဟာ လွတ်ထွက် လွင့်မျော ....နှုတ်ခမ်းထူထူတွေကများ "Jeon " လို့
ခပ်တိုးတိုးခေါ်လိုက်ရင် ခံစားမှုတွေဟာ
အထွတ်အထိပ်ပဲ .....။"ဘာလဲ? Honey လို ကမ္ဘာကျော် ballerina က
မောင့်လို မူးယစ်ရာဇာနဲ့ တွဲနေတာကို
တစ်ကမ္ဘာလုံးသိသွားမှာကို
စိုးရိမ်တာလား ? ""အခုလက်တွဲပြီး ထွက်သွားကြမလား
ပွဲပြီးပေမယ့် ပရိသတ်တွေ ရှိနေလောက်သေးတယ်""အလှလေးက သိပ်စကားတတ်တာပဲ"
ကုတ်အင်္ကျီကို အတွင်းအင်္ကျီမခံပဲ
ဒီတိုင်း ဝတ်ထားခဲ့တာကြောင့်
တစွန်းတစ ပေါ်နေတဲ့ ရင်အုပ်ကြွက်သားတွေက ...ကျော့ကွင်း။