Unicode
အပိုင်း(၂၄)
ကုန်းကျွင့်သည် ရှောင်ယွီဆီမှ သော့ကတ် ဖြင့် အခန်းတံခါးဖွင့် လိုက်ပြီး ကျန်းကျယ်ဟန့် ကို ကုတင်ပေါ်အသာချလိုက်ရင်းပြောလိုက်သည်။
"ကော ဒီမှာ ငြိမ်ငြိမ်ခဏနေပါဦးနော်၊ ကျွန်တော် ကော အကျီလဲဖို့ သွားယူလိုက်ဦးမယ်"
ကုန်းကျွင့် သည် ကျန်းကျယ်ဟန့် ၏ခရီးဆောင်အိတ်ထဲမှတီရှပ်တစ်ထည်ယူလိုက်ပြီး လှည့်ကြည့်လိုက်သောအခါ ထိုကြောင်ဆိုးလေး က ကုတင်မှာ မရှိတော့ပဲ ပျောက်သွားခဲ့သည်။
"ဟန်ကော "
ကုန်းကျွင့် က အဝတ်အစားတွေကကိုကုတင်ပေါ်ချထားလိုက်ပြီး ပျောက်သွားသော ထိုကြောင်ဆိုးလေး ကို လိုက်ရှာရပြန်သည်။ ကြောင်ဆိုးလေးကို သူကရေချိုးခန်းထဲမှာရှာတွေ့သည်။
"အမ်... ငါသွားတိုက်ချင်တယ်"
ကျန်းကျယ်ဟန့် ကဘေစင်ပေါ်လက်ဖြင့်လျှောက်စမ်းနေပြီး သွားတိုက်တံကို ရှာနေသည်။ ကုန်းကျွင့်က သွားတိုက်တံကိုသွားတိုက်ဆေးထည့်ပြီး သူ့လက်ထဲထည့်ပေးလိုက်သည်။ ကုန်းကျွင့် လုပ်ပေးတာကို လက်မခံပဲ ကျန်းကျယ်ဟန့်က အလဲလဲအပြိုပြိုဖြင့် သွားတိုက်မျက်နှာသစ်ပြီးနောက်၊ ကုန်းကျွင့်က မျက်နှာသုတ်ပဝါကို ယူလိုက်ပြီး သူ့မျက်နှာကို ခြောက်အောင်သုတ်ပေးလိုက်သည်။
"ကော အိပ်လိုက်တော့နော် "
ကုန်းကျွင့် က ကျန်းကျယ်ဟန့်ရဲ့ ခါးလေးကိုပွေ့ဖက်ပြီး ကုတင်ပေါ် လှဲချလိုက်သည်။ ကျန်းကျယ်ဟန့်မှာအစပိုင်းတွင်အနည်းငယ်ရုန်းကန်နေပြီးနောက်ဆုံးတွင် ကုတင်ပေါ် ငြိမ်သက်သွားသည်။ ကုန်းကျွင့်ကစောင်သေချာခြုံပေးပြီးမော့ကြည့်လိုက်တော့ ကြောင်ဆိုးလေးက သူ့ကို စိုက်ကြည့်နေတာတွေ့လိုက်ရသည်။
ကုန်းကျွင့် က ငိုထားတာကြောင့် နီရဲပြီး ရောင်ရမ်းနေတဲ့ မျက်လုံးတွေနဲ့သူ့ကိုစိုက်ကြည့်နေတဲ့ ကြောင်ဆိုးလေးကို ကြည့်ရင်း နှလုံးခုန်တွေမြန်လာကာနီမြန်းနေသော မျက်နှာလေး ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ကျန်းကျယ်ဟန့် က သူ့မျက်နှာကိုထိတွေ့လာတဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆွဲကာ ဆုပ်ကိုင်ထားလိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေရင်းမှကုန်းကျွင့်ကညင်သာစွာပြောလိုက်သည်။
YOU ARE READING
Uncontrollable Love (Completed)
Fanfictionကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...