Chapter 42 -သခွားချဉ်ကတကယ်ကိုပဲအရည်ရွှမ်းတာပဲ

4.5K 478 31
                                    

Chapter 42 —သခွားချဉ်ကတကယ်ကိုပဲအရည်ရွှမ်းတာပဲ

ကွမ်းရှန်ကျင်းမှာ သူဘာကြောင့်များ ဝူရှင်းကျီနှင့်အတူ ရွှမ်းဟယ်ခြံဝန်းကို သခွားသီးချဉ်စားဖို့ဆိုပြီး လိုက်ပြန်လာခဲ့မိမှန်းကို နားမလည်နိုင်တော့ပါပေ ။

သခွားသီးလေးတွေမှာ ကောင်းကောင်းမရင့်သေးတာကြောင့် အနည်းငယ်မာနေသေးသည် ။ အချဉ်စိမ်ပြီးသည့်နောက်မှာ သူတို့က မပျော့သွားသေးပဲ စားလိုက်လျှင်ကြွတ်ကြွတ်လေးဖြစ်နေဆဲဖြစ်သည် ။ တကြွတ်ကြွတ်နဲ့ကိုက်ဝါးရတာက စားရသည့်သူ၏ ခံတွင်းကိုမြိန်စေသည် ။ တခြား ဟင်းရံတွေမပါပဲနဲ့တောင်မှ သူ့ကြီးပဲနှင့် ထမင်းပန်းကန်နှစ်လုံးလောက် ကုန်အောင်စားနိုင်နေသေးသည် ။

မိန်းမငယ်လေးနှစ်ယောက်က သူတို့ထွက်မသွားခင်မှာ စားပွဲကိုသေချာသန့်ရှင်းရေးပြုလုပ်ပြီး အချိုပွဲနှင့်လက်ဖက်ရည်ကြမ်းကို ပျောက်သွားကြတော့သည် ။ ဘယ်လိုတောင်ဉာဏ်ကောင်းကြတာလဲပဲ ။

ဆောင်းနှောင်းကာလရဲ့ညနေခင်းချိန် လေတဖြူးဖြူးက အအေးမကဲတော့ပဲ နွေဦးရဲ့အားမာန်အချို့တောင်ပါနေသေး၏။ ကွမ်းရှန်ကျင်းက ဒီအကြောင်းကိုခဏလောက်စဉ်းစားလိုက်ပြီးတော့ ဝူရှင်းကျီကိုသူ့ရင်ခွင်ထဲဆွဲထည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့ကစားပွဲပေါ်တွင် သခွားချဉ်တပန်းကန်ကိုတင်ထားပြီး လက်ဖက်ရည်ကြမ်း သောက်နေကြတာဖြစ်၏ ။

သူတို့နှစ်ယောက်လက်ဖက်ရည်ကြမ်းတခွက်သောက်လို့ပြီးခါနီးမှ ကွမ်းရှင်းကျင်းကနောက်ဆုံးမေးလာလေသည် ။ " လူကြီးမင်းလုနဲ့ရှင်းကျီတို့နှစ်ယောက်ကြားမှာ ဘာဖြစ်ခဲ့ကြတာလဲ "

" ဟမ် .. " ဝူရှင်းကျီ မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည် ။ သူက ထင်းရူးစေ့သကြားလုံးကိုဝါးပြီးမြိုချလိုက်ကာ ပါးစပ်နှင့်အပြည့်မော့လိုက်ပြီး လည်ချောင်းကိုစိုစွတ်စေလိုက်ပြီးမှ အပြစ်ရှိစိတ်ဖြင့် ပြန်ဖြေလေ၏ ။ " ကျွန်တော်က ကြက်ဥပေါင်းကို မြန်မြန်လေး ကုန်အောင်စားလိုက်ပြီး လူကြီးမင်းလုရဲ့မသက်မသာဖြစ်မှုကိုကာကွယ်ပေးချင်ခဲ့တာ ။ ဒါပေမယ့် ကျွန်တော်ကအရမ်းလောကြီးသွားခဲ့တော့ ကိုယ့်ကိုကိုယ်အပူလောင်အောင်လုပ်မိတော့မလိုဖြစ်လို့ လူကြီးမင်းလုက ကျွန်တော်အပူလောင်မှာစိုးရိမ်ပြီးမစားမိအောင်ကြိုးစားပေးချင်ခဲ့လို့ .... အဆုံးမှာတော့ သူက ကျွန်တော့အစားအပူလောင်သွားခဲ့လိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့မိဘူးလေ "

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Donde viven las historias. Descúbrelo ahora