အပိုင်း(၁)

3K 122 2
                                    

(Uni)

ရာသီဥတုက အပြင်မှာနှင်းများကျနေသည့်အထိ အေးစိမ့်နေသော်လည်း အခန်း အတွင်းတွင်တော့ လေပူပေးစက်ကြောင့် အနည်းငယ်ပင်နွေးထွေးနေသည်။ အခန်းထောင့် တစ်နေရာခပ်လှမ်းလှမ်းတွင်တော့ ကွန်ပျုတာခလုပ်ရိုက်နေသံမှလွဲရင် ပတ်ဝန်းကျင်တစ်ခု လုံးတိတ်ဆိတ်နေသည်။ တစ်ချက်တစ်ချက် ကျွန်တော်၏ဘေးမှ သူရဲ့အသက်ရှူသံပြင်းပြင်းနှင့်အတူကပ်ပါလာသည့် သက်ပြင်းချသံက ကျွန်တော့် နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းကာ စူးနစ်နာကျင်စေသည်။ ကျွန်တော်ရင်ထဲမောပန်း နွမ်းလျမူကြောင့် အသက်ရှူသံတောင် ပုံမှန်မဟုတ်ချင်။ ဘေးရှိသူ့ကို စကားပြောဖို့ ကြိုးစားမိသော်လည်း ကျွန်တော့်မှာ သူ့အတွက် ပြောစရာစကားလုံးများမရှိခဲ့ပါ။ အခုအခြေအနေမှာ သူ့ကို့နှစ်သိပ်နိုင်ဖို့အတွက် ကျွန်တော် ကိုယ်တိုင်တောင် ယုံကြည် မူမရှိပါ။ သူ့အတွက် ကျွန်တော် ဘာမှမလုပ်နိုင်ပါလားဆိုသည့် အတွေးကပင် ကျွန်တော်၏ရင်ကိုနာကျင်စေပါသည်။ ခဏကြာတော့ အခန်းတံခါးပွင့်သံနှင့်အတူ ကျွန်တော်တို့နှစ်ယောက်ထိုင်နေသည့်ရှေ့ကို အသက်ခပ်ကြီးကြီး လူတစ်ယောက် ရောက်လာသည်။ ထိုလူက ကျွန်တော်တို့စားပွဲရှေ့ထိုင်ကာ ကျွန်တော်တို့ကို စိတ်မကောင်းသည့် မျက်ဝန်းများဖြင့်ကြည့်နေသည်။ ကွန်ပျုတာရိုက်နေသည့်လူက ထလာပြီး ကျွန်တော့်တို့အရှေ့မှလူထံ စာရွက်နှစ်ရွက်ပေးလိုက်တော့ ထိုလူက ထိုစာရွက်နှစ်ရွက်ကို ကျွန်တော့်တို့နှစ်ယောက် ၏အရှေ့စားပွဲပေါ်တင်ကာတိုးပေး လိုက်သည်။ ကျွန်တော်မျက်လုံးအရှေ့ရောက်လာသည့် ထိုစာရွက်ကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်။ ထိုလူက စာရွက်ပေါ် ဘောပင်နှစ်ချောင်းတင်ပြီး။

"လက်မှတ်မထိုးခင် သေချာစဉ်းစားစေချင်တယ်"

ကျွန်တော် ဘာမှမပြောပဲ စာရွက်ကိုသာငေးကြည့်နေမိသည်။ သူက စာရွက် တစ်ရွက်ကိုဆွဲယူလိုက်တော့ ကျွန်တော်ထိတ်လန့်နာကျင်စွာ သူ့ကိုလှည့်ကြည့်လိုက် သည်။ သူက အေးဆေးစွာပင် ဘောပင်တစ်ချောင်းကိုယူပြီး စာရွက်ပေါ်လက်မှတ်ထိုး လိုက်ရာ ကျွန်တော် ရင်ထဲနာကျင်စွာအလိုလိုမျက်ရည်ကျလာပြီး မျက်ရည်များကြားမှ သူ့နာမည်ကို စိတ်ထဲ နာကျင်စွာရေရွတ်မိသည်။

နတ်ဆိုးWhere stories live. Discover now