Part 3 ( U+Z )

1K 73 1
                                    

မေမေရေ့ .....သမီးကြောက်တယ်။ သမီးကိုလာခေါ်ပါ။ သမီးဘယ်ရောက်နေလည်းဆိုတာသမီးမသိဘူး။ သမီးဖေဖေနဲ့မေမေကိုပဲတွေ့ချင်တယ်။ဖေဖေနဲ့မေမေကိုသမီးအရမ်းလွမ်းတာပဲ။ မောင်လေးနဲ့ ညီမလေးကိုလည်းသမီး အရမ်းသတိရတယ်။ သမီးကိုလိုက်ရှာပါ
........ ဖေဖေနဲ့ မေမေရယ်။ သမီးမေမေ့ဆီအရမ်းပြန်ချင်တာပဲ။ ဒါပေမယ့်သမီးသိတယ်။ သမီးကို သူတို့ကပြန်လွှတ်တော့မှာမဟုတ်ဘူး။

'' ဦးဦးနဲ့ဒေါ်ဒေါ် သမီးကိုဖေဖေနဲ့မေမေ့ဆီ ပြန်ပို့ပေးပါဗျာ၊ သမီးအိမ်ပြန်ချင်တယ် မေမေ့ကို လွမ်းတယ် ''

'' ပို့ပေးမှာပေါ့ ငါတို့ကမင်းကိုခေါ်လာတာမဟုတ်ဘူး လေကွာ၊ မင်းမိဘတွေနဲ့ကွဲသွားလို့ မင်းကို ငါတို့က ကယ်တင်ပေးလာတာ ငါတို့ဘဝက ကြမ်းတယ်ကွ ကလေးမရ၊ ခြေသလုံးအိမ်တိုင်၊ ငါတို့အလုပ်က ခါးပိုက်နှိုက်၊ နေရာအနှံ့လျှောက်သွားနေတဲ့သူတွေ၊ ငါတို့မှာ အားကိုးစရာ သားသမီးမရှိဘူး၊ မင်းကို ငါတို့ခေါ်ထားလို့ရသလောက်ခေါ်ထားရမှာပဲ မင်းကိုပဲအားကိုးရမှာ ၊ ငါ့ရဲ့ပညာတွေ အကုန်သင်ပေးမယ်ကွာ၊ မင်းငါတို့နဲ့ အတူနေတော့ကွာ ငါတို့ကတစ်နေရာတည်းမှာ အတည်တကျနေတဲ့ သူတွေမဟုတ်ဘူး  နယ်အနှံ့လျှောက်သွားနေတဲ့ သူတွေ ဇရပ်တကာလှည့်အိပ်နေရတဲ့သူတွေ ငါတို့မှာ လုပ်ကျွေးမယ့်သားသမီးတစ်ယောက်တော့လိုတယ်ကွ၊ မင်းငါတို့နဲ့နေပါကွာနော့ ငါတို့ သားတစ်ယောက်လိုချင်တာနဲ့အတော်ပဲ မင်းကို သားအဖြစ်မွေးစားလိုက်ပြီကွာ''

'' ဟင့်အင်း....သမီး ဦးဦးနဲ့ဒေါ်ဒေါ်တို့နဲ့မနေချင်ဘူး၊သမီးမေမေတို့ဆီပြန်ချင်တယ်ဗျ သမီးကိုပြန်ပို့ပေးပါ ပြီးတော့သမီးကမိန်ကလေးလေ ဦးနဲ့ဒေါ်ဒေါ်တို့ရဲ့သားဘယ်လိုလုပ်ဖြစ်မလဲ''

'' ဟေ့....ကလေးမ တော်ပြီ ငိုမနေနဲ့တော့ အသံလည်းမထွက်နဲ့တော့ ညည်းငါတို့နဲ့ပဲနေရမယ် ညည်းကိုငါတို့ရဲ့ပညာတွေအကုန်သင်ပေးမယ် ဒီ​နေ့ကစပြီးညည်းက ငါတို့ရဲ့သားဖြစ်သွားပြီကွာ၊ ညည်းငါတို့ကို မေမေနဲ့ဖေဖေလို့ပဲခေါ်ရမယ် ကြားလား... ''

သူတို့သမီးရဲ့လက်ကို အတင်းဆုပ်ကိုင်ထားတယ် မေမေ။ သမီးငိုတယ် ။  မေမေ့ဆီအရမ်း လာချင်တာပဲ။ သမီးအရမ်းကြောက်တယ်မေမေ။သမီးဘယ်ရောက်နေမှန်းလည်း သမီး မသိဘူး။ သမီးအရမ်းချမ်းတယ်မေမေ။ သမီးအရမ်းဗိုက်ဆာတာပဲမေမေ။ သမီးအိပ်ရာနဲ့လည်းမအိပ်ရဘူး။ ထမင်းဟင်းလည်းကောင်းကောင်းမစားရတာကြာပြီမေမေ။ ဦးဦးနဲ့ဒေါ်ဒေါ်ကို သမီးအရမ်းကြောက်တယ်။ဒါပေ
မယ့် သူတို့ကျေနပ်အောင် ' အဖေ'နဲ့'အမေ'လိ​ြ့ခေါ်ရတယ် မေမေ။ သမီးအိမ်ပြန်ချင်တယ်။ အိမ်လည်းမပြန်တတ်ဘူးမေမေ။

မရဲ့....မူပိုင်ရှင်Where stories live. Discover now