1

1.5K 82 2
                                    

ကျောင်းလူဆိုးလေးက နဲနဲချစ်ဖို့ကောင်းတယ် ၁

[Host..မင်းရဲ့တာဝန်က bossကိုသိမ်းပိုက်ဖို့ပါ]

ရှင်းယန် ထိုအသံကိုလစ်လျူရှုပြီး သူ့ရဲ့ရုတ်တရက်သေဆုံးမှုအကြောင်းတွေးတောနေမိတယ်။သူစုထားတဲ့ချောကလက်တွေ သူ့ညီက ပမာဏတစ်ခုလောက်ထိစားသလားသူမသိဘူး။တကယ်လို့စားခဲ့ရင်တော့ သူထိုကောင်စုတ်ကလေးကို ခေါင်းခေါက္
မိမှာ။

ဒါက မုန်းစရာကောင်းလွန်းတယ်။သူဒါတွေကိုဝယ်ဖို့ နှစ်လလောက်ပိုက်ဆံကို ခက်ခက်ခဲခဲ စုထားရတာ။

[Host မင်း မစ်ရှင်တွေပြီးအောင်လုပ်နိုင်ရင် မင်းဆန္ဒတွေပြည့်ဝလာမှာ။အသုံးပြုသူရေ မင်း မစ်ရှင်​ေတွေပြီးအောင်လုပ်နိုင်ရင်မင်းဆန္ဒတွေပြည့်ဝလာမှာလို့။ဒါပေါ့ ပွိုင့်(point=အမှတ်)တေွအရင်စုရမှာပေါ့]

ရှင်းယန်က သူ့သေဆုံးမှုအကြောင်းကိုဆက်လက်အတွေးနစ်နေဆဲပါပဲ။သူသရေစာဝယ်ဖို့ စူပါမားကတ်ကိုသွားတဲ့လမ်းမှာ ကားတစ်စီးရောက်ချလာပြီး သူ့ကိုသေလမ်းတိုက်ပို့လိုက်တာ သူအခုထိမှတ်မိနေတုန်းပဲ။

[Host မစ်ရှင်တွေကိုလက်ခံပါ။ဒါဆို မတူညီတဲ့ အရသာတွေမြည်းစမ်းဖို့ မတူညီတဲ့ကမ္ဘာတွေကိုသွားရောက်နိုင်တယ်]

System က သူ့ရဲ့ ဆန္ဒကိုရှာတွေ့သွားပြီး ချော့မြှူပြောလိုက်တယ်။

မျှော်လင့်ထားတဲ့အတိုင်းပါပဲ။အစားအကြောင်းကြားလိုက်တဲ့ခဏ လူငယ်လေးရဲ့မျက်လုံးအရောင်တွေလက်လာတော့တယ်။ဒါက ကြယ်စုံတဲ့ကောင်းကင်မှာ အလင်းတန်းလေးဖြတ်ပြေးသွားသလိုပါပဲ။လှလွန်းအားကြီးလို့ ဘယ်သူမှ တိုက်ရိုက်အကြည့်ဝံ့လေဘူး။

[.....]
ဘာလို့များအစောကတည်းကမပြောမိပါလိမ့်။နေဦး..host.. မင်းအရှက္မရှိဘူးလားဟင်။

နိုး..နိုး..ရှင်းယန်ဆိုတာ အစားအစာအတွက် ဂုဏ်သိက္ခာမဲ့တဲ့လူမျိုးမဟုတ်ဘူး။သူက အစားအစာအတွက် ဒူးတောင် ထောက်ပေးနိုင်တဲ့သူပဲ။ဟုတ်ပြီလား။

"ဒါဆိုစလိုက်ကြရအောင်လေ။ငါဗိုက်နဲနဲဆာနေတယ်။"

ရှင်းယန်ပြောလိုက်တယ်။

Boss's T-strategy[ဘာသာပြန်]Where stories live. Discover now