အပိုင်း(၈)

479 47 3
                                    

(Uni)
တီတောင်!!!။ တီတောင်!!!
တီတောင်!!!။ တီတောင်!!!
အခန်းတံခါးဘဲလ်သံကြောင့် ကျွန်တော် မျက်လုံးကိုအားယူ ဖွင့်လိုက်သည်။ အား!။ ခေါင်းတစ်ခုလုံးနောက်ကျိနေသလို။ ညက ကျွန်တော်ငိုထားမိလို့လား။ ကျွန်တော် ကုတင်ပေါ် အိပ်နေရင်း ကျွန်တော့်ကိုရင်ခွင်ထဲထည့်ကာ အိပ်ပျော်နေသည့် သူ့ကိုတစ်ချက်ကြည့်လိုက် သည်။ သူအိပ်နေတုန်းလား။ ကျွန်တော့်ကိုပွေ့ဖက်ထားသည့် သူ့လက်ကိုဖယ်ပြီး ကျွန်တော် သူ့ရင်ခွင်ထဲမှထဖို့ကြိုးစားလိုက်သည်။ hotel ဝန်ထမ်းတွေလား။ ဝန်ဆောင်မှုအတွက် အခန်း တံခါးလာခေါက်တာလား။ ဒီအချိန်ကြီး။ ကုတင်ပေါ်မှထရင်း ခေါင်းအုံးဘေးက နာရီကို ကြည့်လိုက်တော့။ မနက်တောင်(၈)နာရီခွဲနေပြီ။ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွား တာပဲ။ ကုတင်ပေါ်မှထရန် ခါးပေါ်လွှမ်းခြုံထားသည့်စောင်ကို ဖယ်ရန်ပြင်လိုက်စဉ်။
ရုတ်တရက် ကျွန်တော့်ခါးကိုဆွဲဖက်ပြီး သူက ကျွန်တော့်အပေါ်အုပ်မိုးလိုက်တော့။ ကျွန်တော် သူ့လုပ်ရပ်ကိုကြောင်ငေးနေမိသည်။ သူနိုးနေတာလား။ ဘယ်ချိန်တည်းက နိုးနေ တာလဲ။ အပြင်ဘက်က အခန်းတံခါးသံကလည်း နောက်တစ်ကြိမ်ပြန် မြည်လာပြန်သည်။

"အိပ်ရေးပျက်နေတာမို့လား အိပ်နေ... ငါ သွားဖွင့်မယ်။"

ပြောပြီး ကျွန်တော့်နဖူးကိုတစ်ချက်နမ်းကာ ကုတင်ပေါ်မှဆင်းပြီး ညဝတ်အင်္ကျီ တစ်ထည်ကို ဘီရိုထဲမှာထုတ်ဝတ်ကာ အခန်းထဲမှထွက်သွားသည့် သူ့နောက်ကျောကို ကျွန်တော်ကြောင်ကြည့်နေမိသည်။ စိတ်ထဲ သူ့ရဲ့ရုတ်တရက် ထူးဆန်းနေသည့် အပြုအမူ ကြောင့် ရှုပ်ထွေးနေပေမယ့် နှလုံးထဲတော့ခပ်နွေးနွေးခံစားချက်ကြောင့် အလိုလိုနှုတ်ခမ်းကို ပြုံးလိုက်သည်။ ပြီးတော့ ရင်ခုန်လှိုက်မောနေမှုကိုမြိုသိပ်ရန် ခါးပေါ်ရှိစောင်ကို ခေါင်းပေါ် ဆွဲခြုံလိုက်ကာ ဘေးသို့စောင်းအိပ်လိုက်သည်။ မျက်လုံးကိုမှိတ်ထားကာ အနားယူရန်ကြိုးစား နေမိသည်။ အခန်းထဲမှာတော့ သူ သောင်းကျန်းထားသည့် အရက်ပုလင်းများရဲ့ အနံအသက်က ခေါင်းကိုလုံအောင်ခြုံထားသည့် ကျွန်တော်၏နှာခေါင်းထဲကို တစ်ချက်တစ်ချက် စူးခနဲနှင့် ဝင်ရောက်လာသည်။ ခဏအကြာတော့ အခန်းထဲဝင်လာသည့်ခြေသံကို ကြားနေရသည်။ သူ ပြန်လာပြီလား။ သူရော ထပ်အိပ်ဦးမလို့လား။ ခြေသံက ကျွန်တော်ရှိရာကုတင်နှင့် ခပ်လှမ်း လှမ်းတွင်ရပ်တန့်သွားသလို။ သူ မဟုတ်ဘူးလား။ မဖြစ်နိုင်တာ။ အခန်းထဲထိတော့ ဝန်ထမ်း များကို သူဝင်ခိုင်းမှာမဟုတ်။ ကျွန်တော်ရှိနေသည်ကိုသိနေလျှက်နဲ့တော့ သူ မဝင်ခိုင်းလောက် ပါ။ ဒါပေမယ့် ခြေသံက သူခြေသံမဟုတ်သလိုပင်။ ညင်သာလွန်းနေသည်မို့။ စောင်ကို ခေါင်းခြုံပြီး ကျွန်တော်အတွေးများနှင့်ချာချာလည်နေကာ မျက်မှောက်ကျုံ့ပြီး အဖြေကို သဲကွဲစွာသိရန်အတွက် မျက်နှာပေါ်က စောင်ကိုဆွဲခွာရန် ပြင်လိုက်စဉ်။,

နတ်ဆိုးWhere stories live. Discover now