[ A/n : music is a must ^^ ]သာမာန်နေ့လေးတစ်နေ့ပါပဲ
Seoul လိုမြို့ကြီးပြကြီးကနေ တော်တော်လေးခြောက်သွေ့တဲ့ နယ်မြို့လေးကိုပြောင်းရတာ သိပ်တော့အသားမကျသေးပေ ။
အလုပ်အကိုင်တွေကနေနားပြီး ကြုံရာကြံရာနေရင်းငါးနှစ်လောက်ဖြတ်သန်းကြည့်မယ်လို့ဆုံးဖြတ်ရင်း အခုတော့ ဘတ်စ်ကားနဲ့ပဲရောက်လာခဲ့ပြီ ။
ဘဏ်စာအုပ်ထဲမှာ တစ်သက်လုံးကြိုးစားခဲ့သမျှငွေတွေကိုနှမြောပြီးနေလာတာ အခုတော့ သုံးချင်သလိုသုံးကြည့်ရအုံးမယ်မလား ။ တကယ်တော့ အေးချမ်းကြည့်ချင်တာပါ ။
" အခုမှလန်းဆန်းသွား ... "
ကံတရားကမျက်နှာသာမပေးတဲ့သူ့ကို ကျောင်းဝတ်စုံနဲ့ကောင်လေးတစ်ယောက် စက်ဘီးနင်းရင်းပြေးဝင်လာလို့ ရှောင်လိုက်တာ ခြေချော်ပြီး မြောင်းထဲကို နင်းမိသည် ။ မြောင်းထဲတော့ကျမသွားပေမယ့် လက်ရောခြေထောက်ပါ ထိခိုက်မိသွားသည် ။
နာလိုက်တာ ။ ဟိုကလေးကတော့ ဘာမှန်းမသိ သူ့လမ်းသူဆက်သွားတာပဲ ။ ဒဏ်ရာကိုကြည့်တော့ တော်တော်ကြီးသည် ။
အနီးအနားမှာတော့ဆေးရုံမရှိတာမို့ taxi ငှါးပြီးမြို့ထဲကဆေးရုံကိုအမြန်သွားရသည် ။
ဒဏ်ရာပြဖို့ကို ဆရာဝန်က ငါးမိနစ်လောက်နောက်ကျနေတော့ စိတ်ကမရှည်
" ဒေါက်တာ မရောက်သေးဘူးလား "
ဘေးမှာစောင့်ပေးနေတဲ့နာ့စ်မလေးကိုလှမ်းမေးလိုက်တုန်းပဲ လိုက်ကာကိုဖွင့်ပြီးဝင်လာတဲ့ဂျူတီကုတ်ကိုမြင်ရပါပြီ ။
" ဒီနေ့ နည်းနည်းအလုပ်ကြပ်နေတယ်ထင်တယ် ။
တောင်းပန်ပါတယ်ဗျ ။ လူနာ Park...Jongseong နော် ? "တောင်းပန်စကားကိုထပ်ခါထပ်ခါဆိုရင်း သူတို့ဘေးနားရှိတဲ့လိုက်ကာတွေကိုပြန်ပိတ်ရင်း လူနာမှတ်တမ်းကိုတစ်ချက် အမြန်ကြည့်ကာ နာမည်မေးသည် ။
အတော်သွက်တာပဲလို့မှတ်ချက်ပေးလိုက်တုန်း သူ့ရှေ့မှာလာထိုင်၏ ။
" ဘယ်လိုဖြစ်တာလဲဗျ "
" စက်ဘီးကိုရှောင်ရင်းမြောင်းဘက်ကိုချော်လဲတာ "
YOU ARE READING
love chic with yellow [ jaywon] one shot
FanfictionDear Doctor Yang, I've been thinking if the ache through my heart caused by your mesmerizing existence. Can you help me out by dating me ?