အခန်း ၁၇
စာမေးပွဲနောက်ဆုံးရက်ဖြစ်တာမို့ နုငယ်တို့ တစ်ဆောင်လုံးက ကျောင်းသူများမှာ မိမိတို့၏ဆိုင်ရာဆိုင်ရာ အရပ်ဒေသသို့ ပြန်ရန် အထုတ်အပိုးပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသည်။ အချင်းချင်း စကားပြောသံများ၊ သေတ္တာကို တဒုန်းဒုန်း ဖွင့်သံ၊ ပိတ်သံများ စသည်ဖြင့် ဆူညံစွာ လှူပ်ရှားနေသံများက တစ်ဆောင်လုံးကို လွမ်းခြုံထားလျက်။
"နုငယ်ရေ... ဖုန်းလာနေတယ် "
အောက်ထပ်က ဝေဝေအသံကြောင့် နုငယ် လုပ်လက်စများကို ရပ်လိုက်ပြီး အပြေးလေး ဆင်းလာခဲ့မိသည်။
"ဘယ်သူတဲ့လဲ ဝေဝေ"
နုငယ် အမေးကို ဝေဝေက မျက်ခုံးတစ်ချက် ပင့်ပြလိုက်ရင်း ပြုံးပြုံးကြီး ဖြေ၏။
"ဆရာမ...တဲ့"
ဝင်းလက်သွားသောနုငယ်မျက်နှာက သကြားလုံးရသွားသော ကလေးတစ်ယောက်လိုပင် ပြုံးဖြီးဖြီး။
"ဟဲလို.. ဆရာမ"
"နုငယ်လား"
တဖက်မှ ထွက်ပေါ်လားသော အသံတိုးတိုးလေးက နုငယ်ရဲ့ ရင်ခုန်သံကို တဒိန်းဒိန်းမြည်စေ၏။ အသံလေးကြားရုံနှင့် နုငယ်ကို ရင်ခုန် ပျော်မြူးလာအောင် စွမ်းဆောင်နိုင်သည့် လူသားဟာ ကမ္ဘာမှာ ဆရာမတစ်ယောက်ပဲ ရှိမည်ထင်ပါသည်။
နုငယ်တစ်ယောက် လေကိုအပြည့်အဝရှူသွင်းလိုက်ပြီး ရင်ဘက်ပေါ် လက်တင်ကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည့်ဟန်ကို ဝေဝေမြင်တော့ အဟမ်းဆိုပြီး အသံပေးကာ အလိုက်တသိ ရှောင်တိမ်းသွာလေသည်။
သို့သော် နုငယ် ပုခုံးကို လက်ဖြင့် အသာပုတ်ကာ မျက်စပစ်၍ ကျီစယ်သွားသေးသည့် ဝေဝေရယ်ပါလေ။ ဒါဟာ နုငယ်ကို ပျော်နေတယ်မလားဆိုပြီး စနောက်သည့် သဘော။
"ဆရာမ... နုငယ်ကို သတိရလို့ဖုန်းဆက်တာလားဟင်"
"စာမေးပွဲဖြေနိုင်လား နုငယ်"
"ဟုတ်... စာမေးပွဲက အေးဆေးပါ.."
"ဟုတ်လို့လား"
"အင်း.....မြန်မာစာက တကယ်တော့ သိပ်မလွယ်လှဘူး..မိခင်ဘာသာစကားဆိုပေမဲ့ အားလုံးမှာ နက်နဲတဲ့ အဓိပ္ပါယ်တွေရှိတယ်.. ပါဠိတွေ.. ကျောက်စာတွေပေါ့.. ဒါပေမယ့် နုငယ် ကြိုးစားဖြေခဲ့ပါတယ်"
YOU ARE READING
နုငယ်ရဲ့ဆရာမ သို့မဟုတ် ဆရာမရဲ့နုငယ်(Completed)
عاطفيةGL- fiction (Unicode+ Zawgyi) About a student and a teacher ~ No matter what we are or who we are , we all deserve to love or to be loved <3