Unicode
ယနေ့သည် တာ့ယွီပြည်သူတို့၏ ပျော်ရွှင်ဝမ်းမြှောက်ကြသော နေ့ပင် ။
မင်းသားငယ်ယန်ရှင်းကို အိမ်ရှေ့စံအဖြစ်တင်မြှောက်သောနေ့ဖြစ်လေသည် ။မယ်တော်ဖြစ်သူက ဖြစ်သမျှကိစ္စအဝဝကို သားတော်မသိလေဟန် အကုန်ခေါင်းခံကာ အပြစ်ခံယူသွားသည်မို့ သူသည် အပြစ်ကင်းစင်သူ ဖြစ်သွားလေသည် ။ ထို့ပြင် မိဖုရားကြီး၏ ဩဇာခံ အမတ်တို့ကလည်း တာ့ယွီမြို့တော်ထဲသို့ မင်းသားငယ်၏ ကောင်းသတင်းများကို ဖြန့်ဝေထားရာ ပြည်သူတို့သည် မင်းသားငယ်ကို ချစ်ခင်လေးစားနေကြသည်။
အိမ်ရှေ့စံအသစ်ကို ကြိုဆိုကြသော ပွဲလမ်းများသည် တာ့ယွီမြို့တွင် ပြည့်နှက်နေလေသည် ။ တဖြည်းဖြည်းပြန်လည်ကြည်လင်လာသော ကောင်းကင်ကိုပင် သတိမထားမိကြတော့ဘဲ ပျော်ပွဲရွှင်ပွဲများတွင်သာ အာရုံစိုက်မိကြတော့သည်။
မင်းသားကုန်းကျွင့် ပြန်လည်သတိရလာပြီဟု မင်းကြီးသည် သတိထားမိသွားကာ အိမ်ရှေ့စံတင်မြှောက်ပွဲပြီးဆုံးသည်နှင့် မင်းသားလေး၏ နန်းဆောင်သို့ အပြေးလာခဲ့လေသည်။
နန်းဆောင်သို့ရောက်လျှင် သမားတော်ကြီးသည် အိမ်ရှေ့စံကို စမ်းသပ်ကြည့်ရှုနေလေသည်။
မင်းကြီးရောက်သောအခါ သမားတော်ကြီးသည် စမ်းသပ်နေရာမှ ထရပ်ကာ အရိုအသေပေး၏။" သမားတော်ကြီး သားတော်အခြေအနေက ဘယ်လိုလဲ "
သမားတော်ကြီးသည် မင်းကြီးကိုဦးညွှတ်ကာ ပြန်ဖြေလာသည်။
" မင်းကြီးကို ပြန်ဖြေကြားပါတယ် မင်းသားလေးရဲ့ အဖျားပျောက်ပါပြီ သွေးကြောတွေလည်း ပုံမှန်လည်ပတ်နေပါပြီ "
ကုန်းကျွင့်သည် ထထိုင်လိုက်ပြီး သမားတော်ကြီးထံကြည့်လာလေသည်။
" ကိုယ်တော်ရဲ့ ညာလက်က လှုပ်မရတော့ဘူး "
" ဟင် !!! "
အခန်းထဲရှိလူအားလုံးသည် ထိတ်လန့်လျှက် ကုန်းကျွင့်ထံ ကြည့်လာကြသည်။
မင်းကြီးသည် ကုန်းကျွင့်၏ညာဘက်လက်ကို မ ကိုင်ကာ
" မ ကြည့်ပါသားတော် မေ့မြောနေတာ အချိန်အရမ်းကြာသွားလို့ ဖြစ်ပါလိမ့်မယ် ၊ အားစိုက်ကြည့်ပါဦး "
VOUS LISEZ
FanfictionUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...